A d v e r t i s e m e n t With Us

လက် ၂ ဖက်လုံးမရှိသည့် တက္ကသိုလ်ကျောင်းသား

တရုတ်နိုင်ငံက ပဲန်ချိုးအမည်ရ ကျောင်းသားလေးဟာ အသက် ၆ နှစ်အရွယ်မှာ မတော်တဆ ထိခိုက်မှုကြောင့် လက် ၂ ဖက်လုံး ဖြတ်ခဲ့ရပြီး ခုချိန်မှာတော့ နိုင်ငံရဲ့ ထိပ်တန်းအဆင့်ရှိ တက္ကသိုလ်တခုကို ၀င်ခွင့်ရရှိခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇွန်လအစောပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ သူဟာ ပေးမှတ် ၇၅၀ ထဲမှ ၆၀၃ မှတ်ရရှိခဲ့တာ ဖြစ်ပါတယ်။ ငယ်စဉ်တည်းက ဖြတ်သန်းခဲ့တဲ့ ဘ၀တလျှောက်လုံးမှာ ခြေထောက်တွေနဲ့ ကွန်ပျူတာအသုံးပြုတာ၊ စာရေးတာ၊ အ၀တ်အစားဝတ်တာ စတဲ့ အခက်အခဲတွေကို သူ့အနေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီ ကောလိပ်ဝင်ခွင့် စာမေးပွဲမှာတော့ သူဟာ ခြေထောက်တဖက်တည်းနဲ့ မေးခွန်းတွေကိုဖတ်ပြီး ဖြေဆိုခဲ့တာလို့ သတင်းက ဆိုပါတယ်။ ပဲန်ချိုးရဲ့အခန်းဖော် ဟောင်ဂျင်းဘိုက “သူဟာ နေ့စဉ်လုပ်ရတဲ့အရာတွေ အားလုံးနီးပါးကို ကိုယ်တိုင်လုပ်နိုင်ပါတယ်” လို့ ပြောပါတယ်။ သူဟာ ၂ မိနစ်အတွင်း သူ့အိပ်ယာကို ပြင်ဆင်နိုင်စွမ်းရှိပြီး ၁၈ မိနစ်အတွင်းမှာ ကိုယ်တိုင် ကိုယ်လက်သန့်စင်နိုင်ပါတယ်။ ကျောင်းမုန့်ဈေးတန်းထဲကို ကိုယ်တိုင်သွားပြီး နေ့လယ်စာ စားလေ့ရှိပြီး နာရီဝက်အတွင်း ပြီးစီးနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - West China City News  

A d v e r t i s e m e n t With Us

More News
Up