A d v e r t i s e m e n t With Us

မွတ်စလင် ညီလာခံတွင် ဆန္ဒပြသည့် အပေါ်ပိုင်းဗလာ အမျိုးသမီး ၂ ဦးကို ဖမ်းဆီး (ရုပ်သံ)

ပြင်သစ်နိုင်ငံမှာ စက်တင်ဘာ ၁၂ ရက်နေ့က ကျင်းပတဲ့ မွတ်စလင်ညီလာခံမှာ ဆန္ဒပြတဲ့ အပေါ်ပိုင်းဗလာဝတ် တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၂ ဦးကို ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စင်ပေါ်ကဆွဲခေါ်ပြီး ဖမ်းဆီးလိုက်တယ်လို့  ဗြိတိန် တယ်လီဂရပ်ဖ်သတင်းက ရေးပါတယ်။ အမည်မဖော်တဲ့ အမျိုးသမီး ၂ ဦးဟာ အမျိုးသမီးအရေး လှုပ်ရှားတဲ့ ဖီမင်အဖွဲ့က ဖြစ်ပါတယ်။ ဖီမင် အဖွဲ့ပြောခွင့်ရ အင်နာရှက်ရှန်ကိုက “မိန်းမတွေကို ရိုက်သင့် မရိုက်သင့်” မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေ စင်ပေါ်မှာ ဆွေးနွေးနေစဉ်မှာ အသက် ၂၅ နဲ့ ၃၁ နှစ် အမျိုးသမီး ၂ ဦး စင်ပေါ်ကို တက်လာတာ” လို့ ပြောပါတယ်။ သူတို့ခန္ဓာကိုယ်မှာ ပြင်သစ်၊ အာရပ်ဘာသာနဲ့ မိမိဟာမိမိကိုယ်ပိုင် ဘုရားသခင်တမန်တော်ဖြစ်တယ်လို့ အဓိပ္ပာယ်ရတဲ့ စာတွေ ရေးသားထားပါတယ်။ စင်ပေါ်ကနေ ဆွဲပြီး ခေါ်ဆောင်သွားခင်မှာ အမျိုးသမီး စွမ်းရည် မြှင့်တင်ရေးနဲ့ဆိုင်တဲ့ စကားတွေကိုလည်း အော်ဟစ်ခဲ့ပါတယ်။ မွတ်စလင်ညီလာခံ တက်ရောက်တဲ့ အမျိုးသားတွေက ဆန္ဒပြတဲ့ အမျိုးသမီးတဦးကို ထပ်ခါတလဲလဲ ကန်ကျောက်ခဲ့ကြပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီး၂ ဦးကို ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မေးခွန်းမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up