ယီမင်ပြည်သူ့စစ် နှင့် သူပုန်အဖွဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ် (ရုပ်သံ)

1K
ယီမင်နိုင်ငံတောင်ပိုင်းက နိုင်ငံရဲ့ တတိယအကြီးဆုံးဖြစ်တဲ့ ထိုက်ဇ်မြို့ထဲမှာ ပြည်ပြေးအစိုးရကို သစ္စာခံတဲ့ ပြည်သူ့စစ်တွေနဲ့ ဟူသီသူပုန်တွေ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။
ဟူသီတွေ တောင်ပိုင်းဆိပ်ကမ်းမြို့ အေဒင်ကနေ နောက်ဆုတ်လာချိန်တည်းက ပဋိပက္ခ ဖြစ်နေခဲ့တာပါ။
တိုက်ပွဲတွေကြောင့် မြို့ရဲ့ အစိတ်အပိုင်း အများအပြား ပျက်စီးခဲ့ပြီး ဒေသခံတွေကတော့ အိမ်တွေထဲမှာ နေနေရပါတယ်။
ယီမင် ပြည်တွင်းစစ်ဟာ မတ်လနှောင်းပိုင်းက စခဲ့ပြီး အီရန်နဲ့ မဟာမိတ် ဟူသီတွေက မနှစ်က စက်တင်ဘာက ဆာနာမြို့တော်ကို သိမ်းပိုက်ခဲ့ပါတယ်။
ဒါကြောင့် ယီမင်အစိုးရက ဆော်ဒီအာရေဗျကို ထွက်ပြေးခဲ့ပြီး မဟာမိတ် ပင်လယ်ကွေ့နိုင်ငံတွေက ယီမင်ပြည်တွင်းရေးကို ဝင်စွက်ခဲ့ကြပါတယ်။
အာရပ်နိုင်ငံတွေက ဟူသီတွေဟာ အီရန်ရဲ့ ကြားခံလို့ ပြောပြီး ဟူသီတွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။
အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ အကျင့်ပျက် ခြစားအရာရှိတွေကို တော်လှန်တာလို့ ပြောပါတယ်။
ဆင်းရဲမွဲတေတဲ့ယီမင်နိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် ဆာလောင်မွတ်သိပ်မှု ရောဂါနဲ့ ဘေးဒုက္ခ တွေကြောင့် လူအယောက် ၄၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
စစ်ပွဲအတွင်း ဟူသီတွေကို တိုက်နေသူတွေက ပင်လယ်ကွေ့နိုင်ငံတွေက သယ်လာတဲ့ သင်တန်းတွေနဲ့ လက်နက်တွေကြောင့် အသာစီး ပြန်ရနေပါတယ်။
တောင်ပိုင်းခရိုင် အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆာနာမြို့တော်ဆီ ဆက်လက် စီးနင်း တိုက်ခိုက် နေဆဲပါ။