အာရှချန်ပီယံလိဂ် ပွဲစဉ်များ ပရိသတ် အားပေးမှုတိုး

ဓာတ်ပုံ - အေအက်ဖ်စီ
1K
၂ နှစ် ၁ ကြိမ် ကျင်းပနေတဲ့ အေအက်ဖ်စီ အာရှချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ပရိသတ်အားပေးမှု ပိုမိုတိုးလာခဲ့တယ်လို့ အေအက်ဖ်စီ အာရှဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
၂၀၁၃ ခုနှစ်က ကျင်းပခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်ပေါင်း ၁၂၉ ပွဲမှာ လာရောက်ကြည့်ရှုသူ ၂ သန်း ၂ သောင်းကျော် ရှိခဲ့ပြီး တပွဲကို ပျဉ်းမျှပရိသတ် ၁ သောင်းခွဲကျော် ရှိခဲ့ပါတယ်။
အခု ၂၀၁၅ ခုနှစ်အတွက် Play-off အုပ်စုပွဲစဉ်နဲ့ ရှုံးထွက်အဆင့်ပွဲစဉ် စုစုပေါင်း ၁၃၃ ပွဲမှာတောင် လာရောက်ကြည့်ရှုသူပေါင်း ၂ သန်း ၃ သောင်းကျော် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
အခု ပြိုင်ပွဲမှတ်တမ်းတွေအရ ပြိုင်ပွဲတွေကို ပရိသတ်က ပိုစိတ်ဝင်စားလာတယ်လို့ အေအက်ဖ်စီ အထွေထွေအတွင်းရေးမှူး ဒါတိုဝင်ဆာဂျွန်က ပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၇ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ ကျင်းပမယ့် ဗိုလ်လုပွဲ နှစ်ကျော့လုံးမှာလည်း စိတ်လှုပ်ရှားစရာ ကစားပုံတွေကို မြင်တွေ့ကြရဦးမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိ အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေကို ကစားနေကြတာ ဖြစ်ပါတယ်။