လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ “မကြိုက်” တဲ့ ခလုတ်ကို မကြာမီမှာ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။
ဒီခလုတ်ကို ထည့်သွင်းဖို့ အသုံးပြုသူတွေက နှစ်ပေါင်းများစွာ ဖိအားပေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် အမှုဆောင်အရာရှိနဲ့ တည်ထောင်သူ မတ်ခ် ဇူကာဘတ်က နောက်ဆုံးတော့ ဒီတောင်းဆိုမှုကို သူတို့ ကြားပြီလို့ ပြောပါတယ်။
ဒီအတွက် ဒီခလုတ်ကို စမ်းသပ်တော့မှာ ဖြစ်တယ်လို့လည်း ဇူကာဘတ်က ပြောပါတယ်။
လူတွေရဲ့ ပို့စ်ကို ကြိုက်မကြိုက် ပြသလို့ရနိုင်တဲ့ ဖိုရမ်တခုလို ဖေ့စ်ဘွတ်ခ်ကို မပြောင်းလဲချင်တဲ့အတွက် အချိန်ယူနေတာလို့ သူက ပြောပါတယ်။
လူတဦးရဲ့ မိသားစုတဦးဦး သေဆုံးသွားတာ၊ လက်ရှိ ဒုက္ခသည်အရေး ဆိုင်ရာတွေမှာတော့ ကြိုက်တယ်ဆိုတာကို နှိပ်တာက ကြောင်တောင်တောင် ဖြစ်တယ်လို့ နားလည်ကြောင်း ဆိုပါတယ်။
အသုံးပြုသူတွေက ဖေ့စ်ဘွတ်ခ်မှာ “ကျနော်စိတ်မကောင်းပါဘူး”၊ “စိတ်ဝင်စားစရာပါ”၊ “မကြိုက်ဘူး” ဆိုတဲ့ ခလုတ်တွေ ဘာကြောင့် မထည့်ထားသလဲ ဆိုတာကို လူတွေက မကြာခဏ မေးမြန်းလေ့ရှိတယ်လို့ ဆိုပါတယ်။