A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် ပီအက်စ်ဗွီ ၂-၁ မန်ယူ (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၁၆ ရက် မနက် ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ ပီအက်စ်ဗွီက မန်ယူကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပီအက်စ်ဗွီကနေ ပြောင်းလာတဲ့ ဒီပေးက ၄၁ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ပီအက်စ်ဗွီအတွက် ချေပဂိုးကိုတော့ ပထမပိုင်း ၄၅ မိနစ်မှာ မော်ရီနိုက သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ လူစီနိုမာဆင်းက ခေါင်းတိုက်ပြီး ပီအက်စ်ဗွီအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့်လည်း အခွင့်အရေးတွေကို ဂိုးအဖြစ် မဖန်တီးနိုင်လို့ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ ပွဲကို တချိန်လုံး ထိန်းကစားခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်တာကြောင့် ဒီပွဲဟာ ဆွမ်ဆီးနဲ့ကစားတဲ့ ပွဲနဲ့ တူတယ်လို့ မန်ယူနည်းပြ လူးဝစ်ဘန်ဂါးလ်က ပြောပါတယ်။ တခြားချန်ပီယံလိဂ်ပွဲတွေမှာတော့ ဂျူဗင်တပ်က မန်စီးတီးကို ၂ ဂိုး ၁ ဂိုး၊    ရီးရဲလ်မက်ဒရစ်က ရှက်တာဒိုးနတ်ကို ၄ ဂိုး ဂိုးမရှိ၊ ပီအက်စ်ဂျီက မယ်မိုကို ၂ ဂိုး ဂိုးမရှိ၊  အက်သလက်တီကိုက ဂလက်တာဆာရေးကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရသွားပါတယ်။ ဒါအပြင် ၀ုဖ်ဘတ်က စီအက်စ်ကေအေ မော်စကိုကို ၁ ဂိုး ဂိုးမရှိ၊ ဘန်ဖီကာက အက်စ်တာနာကို ၂ ဂိုး ဂိုးမရှိ၊ ဆီဗီလာက မိုချန်ဂလာဘက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရရှိသွားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up