ချန်ပီယံလိဂ် အဖွင့်ပွဲတွင် ဂျူဗင်တပ်ကို ရှုံးနိမ့်မှု မထိုက်တန်ဟု မန်စီးတီးနည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
ဂျူဗင်တပ်အသင်းနဲ့ ကစားတဲ့ ချန်ပီယံလိဂ်ပွဲ အရှုံးဟာ မထိုက်တန်ဘူးလို့ မန်ချက်စတာ စီးတီးအသင်း နည်းပြ ပယ်လီဂရီနီက ပြောပါတယ်။ မန်စီးတီး အိမ်ကွင်းမှာ တဘက်လူ ချီလီနီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်က အဝေးကွင်းမှာ မန်ဇူကစ်နဲ့ မိုရာတာတို့ သွင်းတဲ့ ဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ရသွားတာပါ။ ပွဲအပြီးမှာ မန်စီးတီးနည်းပြ ပယ်လီဂရီနီကတော့ ဂျူဗင်တပ်ထက် သူ့အသင်းက ကစားပုံ ပိုကောင်းသလို အပိုင်နီးပါး အခွင့်အရေး ၃ ကြိမ်အထိ ရခဲ့ပေမယ့် ကံမကောင်းဘူးလို့ ပြောဆိုသွားပါတယ်။ ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဒုတိယရထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဂျာမန်ကလပ် မွန်ချန်ဂလတ်ဘတ်နဲ့ ယှဉ်ပြိုင်ရမှာပါ။

More News
Up