A d v e r t i s e m e n t With Us

အီးယူအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ

မ​နေ့​က မြန်မာနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ အီး​ယူဥ​ရောပသမဂ္ဂ နိုင်ငံခြား​ရေး​ မူဝါဒ​ရေး​ရာ အကြီး​အကဲ ကက်သရင်း​ အက်ရှ်တန် (Catherine Ashton) ရဲ့​ အထူး​အကြံ​ပေး​ပုဂ္ဂိုလ် ​ရောဘတ် ကူး​ပါး​ (Robert Cooper) နဲ့​ မြန်မာနိုင်ငံဆိုင်ရာ ဥ​ရောပသမဂ္ဂရဲ့​ အထူး​ကိုယ်စား​လှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့​ဟာ ဒီက​နေ့​ ည​နေပိုင်း​မှာ ​ရွေး​ကောက်ပွဲဝင် ဒီမိုကရက်တစ်အင်အား​စု နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင်အချို့​နဲ့​ အတူ ကရင်လူမှု​ရေး​အဖွဲ့​ အစည်း​တခုက ပုဂ္ဂိုလ်​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ ဒီက ​နေ့​ ည​နေ ၄ နာရီခွဲက​နေ ၅ နာရီခွဲအထိ ရန်ကုန်မြို့​၊​ ကန်​တော်ကြီး​စောင်း​ရှိ ချက်ရီယမ် (Chatrium Hotel) ဟိုတယ်မှာ ​တွေ့​ဆုံခဲ့​ကြတာဖြစ်ပါတယ်။ ဒီလို ​တွေ့​ဆုံတဲ့​နေရာမှာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု NDF ပါတီက ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ​ဒေါက်တာသန်း​ငြိမ်း​၊​ ဦး​ခင်​မောင်​ဆွေ၊​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦး​သု​ဝေနဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်သန်း​သန်း​နုတို့​အပါအဝင် ကရင်လူမှု​ရေး​အဖွဲ့​အစည်း​တခုဖြစ်တဲ့​ Karan Development Network က ​စောအယ်လ်အမ်​စောဦး​နဲ့​ ​ဒေါက်တာမိုး​မင်း​ထွန်း​တို့​ တက်​ရောက်ခဲ့​ကြပါတယ်။ တိုင်း​ရင်း​ သား​ပါတီ​တွေက ကိုယ်စား​လှယ်​တွေကို ဖိတ်ကြား​ထား​ပေမယ့်​လည်း​ အ​ကြောင်း​ကြောင်း​တွေ​ကြောင့်​ လာ​ရောက်တာ မ​တွေ့​ခဲ့​ဘူး​လို့​ ပါဝင်​တွေ့​ဆုံခဲ့​တဲ့​ ​ဒေါ်သန်း​သန်း​နုက ​ပြောပါတယ်။ အီး​ယူ ကိုယ်စား​လှယ်​တွေနဲ့​ နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်တွေ အပြန်အလှန် ​ဆွေး​နွေး​ကြတဲ့​ အကြောင်း​အရာ​တွေကိုလည်း​ ​ဒေါ်သန်း​သန်း​နုက “အဓိကက​တော့​ အခု အစိုး​ရအဖွဲ့​သစ် ဖွဲ့​ပြီး​တဲ့​ ​နောက်ပိုင်း​ အ​ခြေအ​နေဘယ်လို ရှိသလဲ၊​ ​နောက် ကျမတို့​ ပါတီ​တွေရဲ့​ ရပ်တည်ချက်က ဘယ်လိုရှိသလဲ အဲဒါ​တွေ သူတို့​ ​မေး​တာပါ။ ပြီး​တော့​ သူတို့​က​တော့​ ကျမတို့​ အခုဒီလို ​ရွေး​ကောက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်လိုက်တာတို့​၊​ အခု ဒီ ၁၁ ပါတီ​ပေါ့​နော် မိတ်​ဆွေများ​ပါတီအဖြစ်နဲ့​ ဖွဲ့​စည်း​ပြီး​တော့​ ရပ်တည်နိုင်တာ၊​ အဲဒီအတွက်​တွေကိုလည်း​ သူတို့​ သိပ်ပြီး​တော့​ ​ကျေနပ်အား​ရ တယ်ဆိုတဲ့​အ​ကြောင်း​ ​ပြောပါတယ်။” ဒါ့​အပြင် အီး​ယူကိုယ်စား​လှယ်​တွေနဲ့​ လတ်တ​လောဖြစ်​ပေါ်​နေတဲ့​ တိုင်း​ရင်း​သား​ဒေသ​တွေက ပဋိပက္ခ​တွေကိုလည်း​ ထည့်​သွင်း​ ​ဆွေး​နွေး​ဖြစ်ခဲ့​ပြီး​ ဒါ​တွေနဲ့​ပတ်သက်ပြီး​ ကိုယ်စား​လှယ်​တွေဘက်က ဒီအ​ပေါ်ကို စိုး​ရိမ်မိတဲ့​အ​ကြောင်း​၊​ မဖြစ်သင့်​တဲ့​အ​ကြောင်း​ မှတ်ချက်​ပေး​ ​ပြောကြား​ခဲ့​တယ်လို့​လည်း​ ​ဒေါ်သန်း​သန်း​နုက ​ပြောပါတယ်။ ဒီကိုယ်စား ​လှယ်အဖွဲ့​ဟာ မြန်မာအစိုး​ရသစ် တက်လာပြီး​တဲ့​ ​နောက်ပိုင်း​ အီး​ယူ ဥ​ရောပသမဂ္ဂ အထူး​ကိုယ်စား​လှယ်အဖွဲ့​အ​နေနဲ့​ မြန်မာနိုင်ငံကို ပထမဆုံး​အကြိမ် လာ​ရောက်ခဲ့​တာဖြစ်ပါတယ်။ ဒီခရီး​စဉ် အတွင်း​မှာ​တော့​ သူတို့​ဟာ မြန်မာအစိုး​ရ တာဝန်ရှိပုဂ္ဂိုလ်​တွေနဲ့​လည်း​ ဒီလ ၂၁ ရက် ​နေ့​က ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up