သွေးလွန်တုပ်ကွေးရောဂါကြောင့် ထိုင်ဝမ်တွင် ခရီးသွားလုပ်ငန်း ထိခိုက်

ထိုင်ဝမ်မှာ လတ်တလော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ထိုင်ဝမ် ခရီးသွားလုပ်ငန်း ကို အကြီးအကျယ် ထိခိုက်နေပါတယ်။ ထိုင်ဝမ်အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ လက်ရှိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၀၀၀ ကျော်ရှိနေပြီး အဆိုးဆုံးဖြစ်တဲ့ တိုင်နန်ဒေသ တခုတည်းမှာတင် ရောဂါဖြစ်ပွားသူ ၈၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့ ၀င်ငွေဟာလည်း ထက်ဝက်ကျဆင်းသွားပြီး ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုကလည်း သိသိသာသာ ထိုးကျသွားတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက ဆိုပါတယ်။ တိုင်နန်ဒေသ လမ်းဘေးဈေးသည်တဦးကတော့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှု အတော့်ကို နည်းလာလို့ ၀င်ငွေ ၂၀ ရာခိုင်နှုန်းလောက် ကျသွားတယ်လို့ ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ ပုံမှန်လာရောက်မှုကို ဆက်ထိန်းနိုင်ဖို့ ကမ္ဘာလှည့် ခရီးသည်တွေကို တိုင်နန်ဒေသက ဈေးသည်တွေက ခြင်ကာကွယ်ဆေးတွေ ဝေငှပေးနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up