A d v e r t i s e m e n t With Us

ထိုင်းသတင်းထောက်တဦးကို စစ်အစိုးရဖမ်းဆီး

ဓာတ်ပုံ - AP
ထိုင်းစစ်အစိုးရက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ နေ့စဉ်သတင်းစာ တစောင်က သတင်းထောက်တဦးကို ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။ နေရှင်းသတင်းစာက သတင်းထောက် ပရာဗစ်ရိုဂျန်ဖရုတ်ကို စစ်တပ်က စက်တင်ဘာ ၁၃ ရက်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စစ်အစိုးရပြောခွင့်ရ ၀ီထိုင်းဆူဗာရီက ပြောပါတယ်။ သတင်းအချက်အလက်နဲ့ ပတ်သက်တဲ့ စစ်တပ်ရဲ့ မူဝါဒကို သူတို့ ထုတ်ပြန်ချက်က ချိုးဖောက်တဲ့ အတွက် ပရာဗစ်နဲ့ တခြားလူတွေကို အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ ခေါ်သွားတယ်လို့ ပြောပါတယ်။ ပရာဗစ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ပြီး ပြန်လွတ်ပေးမယ်လို့ သူက ပြောပါတယ်။ နေရှင်း အယ်ဒီတာ သက်ချိုင်းယောင်ကတော့ သတင်းထောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ပရာဗစ်အတွက် ဒုတိယအကြိမ်မြောက် အဖမ်းခံရတာ ဖြစ်ပါတယ်။ အရင်နှစ်ကလည်း သူရဲ့ အတွေးအမြင်တွေပြောင်းလဲဖို့ အတွက် တပတ်နီးပေါး သူကို စစ်တပ်က ထိန်းသိမ်းထားပါတယ်။ အရင်သတင်းပတ်ကလည်း စစ်အစိုးရကို ဝေဖန်တဲ့ နိုင်ငံရေးသမား ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up