Home
ရုပျသံ
ဂျပန်ရှိ အာဆိုမီးတောင် ပေါက်ကွဲ (ရုပ်သံ)
DVB
·
September 15, 2015
ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းမှာ စက်တင်ဘာ ၁၄ ရက်နေ့က စတင်ပေါက်ကွဲနေတဲ့ အာဆိုမီးတောင် အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး လေ့လာရေးအဖွဲ့တွေကို စေလွှတ်ထားတယ်လို့ ဂျပန်အစိုးရက စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒေသခံအစိုးရနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ဒေသခံပြည်သူတွေ အထိအခိုက် မဖြစ်ရေးဟာ ပထမဦးစားပေး ဖြစ်တယ်လို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုတာပါ။ ဂျပန်မိုးလေ၀သအေဂျင်စီက မီးတောင်ပေါက်ကွဲမှု အခြေအနေကို အန္တရာယ်ရှိ အဆင့် ၃ သတ်မှတ်ထားပြီး မီးတောင်နဲ့ ၂ ကီလိုမီတာ ပတ်လည်ကို အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ထားတယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရက သတင်းထောက်တွေကို ပြောဆိုပါတယ်။ လက်ရှိအချိန်အထိ ထိခိုက်သေဆုံးမှု မရှိသေးဘူးလို့လည်း ပြောဆိုပါတယ်။ အမြင့်ပေ ၅၀၀၀ ကျော်ရှိတဲ့ အာဆိုမီးတောင်ဟာ ဂျပန်နိုင်ငံမှာ လှုပ်ရှားမှုအများဆုံး မီးတောင်တွေထဲက တလုံးဖြစ်ပြီး နာမည်ကျော် ခြေလျင်တောင်တက် အပန်းဖြေစခန်းတခုလည်း ဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲချိန်မှာ တောင်ထိပ်အနီး ခြေလျင်တောင်တက် ၀ါသနာရှင်တချို့ ရှိခဲ့ပေမယ့် အထိအခိုက်မရှိ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မီးတောင်ဟာ ရုတ်တရက် ထပေါက်ကွဲခဲ့တာဖြစ်ပြီး မိုင် ၁၀၀ အကွာက နျူကလီးယား စွမ်းအင် ဓာတ်ပေါင်းဖိုကို ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောဆိုပါတယ်။ မီးတောင်ပြာတွေ မီးတောင်နဲ့ ၂ မိုင် အကွာအဝေးကို ရောက်ရှိခဲ့တယ်လို့ အန်အိတ်ခ်ျကေ သတင်းဌာနက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ မီးတောင်ရှင် အလုံး ၁၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံ အလယ်ပိုင်းက အွန်တာကယ်မီးတောင် ရုတ်တရက်ပေါက်ကွဲခဲ့လို့ လူ ၆၃ ဦး သေဆုံးခဲ့တာဟာ နှစ်ပေါင်း ၉၀ အတွင်း ဂျပန်နိုင်ငံမှာ အဆိုးဆုံး မီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ရုပ်သံ - ABC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024