A d v e r t i s e m e n t With Us

သက်ကြီးရွယ်အိုများ အတွက် ဓာတ်လှေကားမလိုဘဲ တက်နိုင်ဆင်းနိုင်သည့်စက် (ရုပ်သံ)

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းက အိမ်ရာအဖွဲ့အစည်းတခုဟာ သက်ကြီးရွယ်အိုတွေကို ကူညီဖို့ရည်ရွယ်ပြီး အဆောက်အဦဟောင်းတွေမှာ ဓာတ်လှေကားမလိုဘဲ တက်နိုင်ဆင်းနိုင်တဲ့ စက်တမျိုး ထုတ်လုပ်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဒေါင်ဂိုးဒီအမည်ရ အိမ်ရာအဖွဲ့အစည်းဟာ အဲဒီစက်ကို ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဘေဂျင်းမြို့၊ ဖန်တိုင်းခရိုင်တွင်းရှိ အိမ်ရာအဆောက်အဦမှာ ပထမဆုံး တပ်ဆင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ စက်ရဲ့ခလုတ်ကို နှိပ်လိုက်ရုံနဲ့ အလိုအလျောက် ထိန်းချုပ်ကာ ဘီးတွေပြန့်ကား ထွက်လာမှာဖြစ်ပြီး တဆင့်ချင်းတက်နိုင်ဖို့ အဆင်သင့်ဖြစ်နေမယ်လို့ သတင်းက ဆိုပါတယ်။ ထိုင်မယ့်သူဟာ အဲဒီထိုင်ခုံပေါ်မှာ စွေစောင်းထိုင်လိုက်ရမှာဖြစ်ပြီး ကာကွယ်ရေး ခါးပတ်ကို ပတ်ထားနိုင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up