ပရီးမီးယားလိဂ် ပွဲစဉ် ၀က်စ်ဟမ်းအသင်း နယူးကာဆယ်ကို အနိုင်ယူ

စက်တင်ဘာ ၁၄ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၀က်စ်ဟမ်းအသင်းက နယူးကာဆယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ၀က်စ်ဟမ်းအတွက် အနိုင်ဂိုးတွေကို ပေရက် တယောက်တည်းက ၉  မိနစ်နဲ့ ၄၈ မိနစ်မှာ သွင်းယူတာ ဖြစ်ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ၀က်စ်ဟမ်းက ဗစ်တာ မိုဆက်စ်က ရရှိသွားပါတယ်။ နိုင်ပွဲရတဲ့ ၀က်စ်ဟမ်းက ၉  မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာကို တက်သွားပြီး နယူးကာဆယ်ကတော့ ၂ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

More News
Up