A d v e r t i s e m e n t With Us

မသန်စွမ်းများအတွက် သက်မွေးလက်မှုပညာသင်တန်း ဖွင့်လှစ်

ဓာတ်ပုံ - ကိုကျော်ကျော်
ဉာဏ်ရည်မသန်စွမ်းသူတွေ အပါအ၀င် မျက်မမြင်တွေကိုပါ ပြန်ပြီး သင်ကြားပေးနိုင်ဖို့ သက်မွေး လက်မှုပညာသင်တန်းကို စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ ခ၀ဲခြံ မျက်မမြင်ကျောင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ မသန်စွမ်းသူတွေအတွက် အသက်မွေးပညာသင်တန်း အမျိုးမျိုးကို ဖွင့်လှစ်ခဲ့ဖူးပေမယ့် မသန်စွမ်း အားလုံးအတွက် မပါခဲ့ပါဘူး။ အခုသင်တန်းမှာ ဉာဏ်ရည်မသန်စွမ်းသူတွေ အပါအ၀င် မျက်မမြင်တွေကိုလည်း ပြန်သင်ပေးနိုင်မယ့် လက်မှုပညာ ဆရာဖြစ်သင်တန်း ဖြစ်ပါတယ်။ ဒီသင်တန်းမှာ ပန်းကြယ်သီး ပြုလုပ်တာနဲ့ ဖန်စီပစ္စည်း လုပ်တာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဆရာဖြစ်သင်တန်းက ၅ ရက်ကြာမှာဖြစ်ပြီး မသန်စွမ်းသူတွေ ကိုယ်တိုင် သင်ယူနိုင်မယ့် အခြေခံသင်တန်းကတော့ ၁၅ ရက်ကြာမှာပါ။ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကနေ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအတိုင်း အခွင့်အရေးတွေ ရရှိလာဖို့အတွက် မသန်စွမ်းတွေက မျှော်လင့်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up