A d v e r t i s e m e n t With Us

မန်စီးတီးတိုက်စစ်မှူး အဂူရို ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ လွဲချော်

မန်ချက်စတာစီးတီးအသင်း တိုက်စစ်မှူး ဆာဂျီယို အဂူရို ဟာ ဒူးဒဏ်ရာကြောင့် စက်တင်ဘာ ၁၅ ရက်နေ့ည ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဂျူဗင်တပ်အသင်းနဲ့ အုပ်စု ပထမဆုံးပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး အဂူရိုဟာ ခရစ်စတယ် ပဲလေ့စ်ကို အနိုင်ရတဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ပွဲစဉ်မှာ ဒူးဒဏ်ရာ ရခဲ့တာပါ။ မန်စီးတီးနည်းပြကတော့ သူ့ဒဏ်ရာက ဒီတပတ်တည်းမှာ ပြန်ကောင်းဖို့ ရှိနေပါတယ်၊ ဒါပေမယ့် ဓာတ်မှန်ရိုက်ထားတဲ့ ရလဒ်ကိုတော့ စောင့်ကြည့်ရဦးမှာပါလို့  ပြောဆိုသွားပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် အုပ်စု (ဒီ) မှာ ဂျာမန်ကလပ် မွန်ချန်ဂလာဘတ်၊ ဂျူဗင်တပ်၊ ဆီဗီလာတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up