A d v e r t i s e m e n t With Us

ၾသစေၾတးလ် ၀န်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်မည်

မစ္စတာ မာကွန်တန်ဘာ။ (ဓာတ်ပုံ - ရိုက်တာ)
သြစတြေးလျ နိုင်ငံက ၀န်ကြီးချုပ်ဟောင်း တိုနီအဘော့ (Tony Abbott) ကို ဖြုတ်ချပြီး ခန့်အပ်လိုက်တဲ့ ၀န်ကြီးချုပ် မာကွန်တန်ဘာ (Malcolm Turnbull) က ကျမ်းသစ္စာ ကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။ အဘော့ကို ပါတီက ၀န်ကြီးချုပ် တာဝန်ကနေ စက်တင်ဘာ ၁၄ ရက်က ဖြုတ်ချပြီးတဲ့နောက် ကင်ဘာရာ အစိုးရအိမ်တော်မှာ မာကွန်တန်ဘာက စက်တင်ဘာ ၂၅ ရက်မှာ ကျမ်းကျိန်တော့မှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်တာဝန်ကို ယူရတဲ့ တန်ဘာကတော့ သြစတြေးလျဖြစ်ရတာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လစ်ဘရယ် ပါတီက လွှတ်တော်အမတ်တွေနဲ့ အစည်းအဝေးလုပ်ဆောင်ဖို့ သူက ရည်ရွယ်နေပါတယ်။ ဒီသီတင်းပတ် မကုန်ခင်အထိ အစိုးရအဖွဲ့ကိုတော့ တန်ဘာက ကြေညာသွားဖို့ မရှိပေမယ့် ဂျိုးဟော့ကီက ဘဏ္ဍာရေးဝန်ကြီးရာထူးကို လက်လွှတ်ရဖွယ်ရှိပြီး လူမှုရေးဝန်ဆောင်မှုဆိုင်ရာ ၀န်ကြီး စကော့မော်ရီဆင်က ဒီနေရာကို ရမယ်လို့ ခန့်မှန်းနေပါတယ်။ အဘော့က သူ့ကို တာဝန်ကနေ ဖြုတ်ချလိုက်တာဟာ ပြင်းထန်ပေမယ့် အပြောင်းအလဲကို လွယ်ကူအောင် ကြိုးစားလက်ခံသွားမယ်လို့ ပြောပါတယ်။ တန်ဘာဟာ တိုနီအဘော့ လက်အောက်မှာ ဆက်သွယ်ရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း တန်ဘာဟာ ၄ ယောက်မြောက် သြစတြေးလျ ၀န်ကြီးချုပ်လည်း ဖြစ်ပါတယ်။ တိုနီအဘော့ကို လူကြိုက်နည်းလာတဲ့အတွက် လစ်ဘရယ်ပါတီ ခေါင်းဆောင်တွေက ၀န်ကြီးချုပ်ရာထူးကနေ အနားပေးလိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up