A d v e r t i s e m e n t With Us

အာဖဂန်အကျဉ်းထောင် တာလီဘန် ဖောက်ခွဲ၊ အကျဉ်းသား ၃၅၀ ကျော် လွတ်မြောက် (ရုပ်သံ)

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဂတ်စ်နီ (Ghazni) မြို့ပြင်က အကျဉ်းထောင်တခု တာလီဘန်တွေရဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး အကျဉ်းသား ၃၅၀ ကျော် ထွက်ပြေး လွတ်မြောက်သွားပါတယ်။ တာလီဘန်စစ်သွေးကြွတယောက်က အကျဉ်းထောင်ဂိတ်ပေါက်ကို အသေခံ ဖောက်ခွဲခဲ့ပြီး ထောင်ထဲဝင်ရောက်လာတဲ့ တခြား တာလီဘန်တိုက်ခိုက်ရေးသမားတွေ ထောင်ခန်းတွေကို ဖွင့်ပေးခဲ့တာလို့ ဂတ်စ်နီ ပြည်နယ်ဒု-အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တာလီဘန်လက်နက်ကိုင်တွေဟာ အာဖဂန်လုံခြုံရေးတွေရဲ့ ယူနီဖောင်းတွေ ၀တ်ဆင်လာပြီး အစီအစဉ်တကျ တိုက်ခိုက်ခဲ့တာလို့ ပြည်နယ်ဒု-အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း တာလီဘန် ၃ ဦး သေဆုံးတယ်ဆိုတာကို တာလီဘန်တွေဘက်ကရော ပြည်နယ်အုပ်ချုပ်ရေးမှူးကရော အတည်ပြုပါတယ်။ ထောင်လုံခြုံရေးအရာရှိ ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။ ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား အယောက် ၈၀ ပဲရှိပြီး အများစုဟာ တာလီဘန်တွေ ဖြစ်တယ်လို့ ဂတ်စ်နီပြည်နယ် ဒု-အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကလည်း ကန်ဒါဟာ အကျဉ်းထောင် အပြင်ကနေ လိုဏ်ခေါင်းတူး အဖောက်ခံရပြီး တာလီဘန်  တိုက်ခိုက်ရေးသမား ၅၀၀ လောက် လွတ်မြောက်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up