ရုရှားအလေးမမယ် ၁၇ ဒသမ ၂ တန်လေးသည့် မီးရထားတွဲကို ဆွဲပြ (ရုပ်သံ)

ဆားဘီးယားနိုင်ငံ အိရ်ကွတ်စ်မြို့က ရုရှားအလေးမမယ် တယောက်ဟာ နိုင်ငံတွင်း စံချိန်သစ်တင်ဖို့ ကြိုးစားတဲ့အနေနဲ့ ၁၇ ဒသမ ၂ တန်လေးတဲ့ မီးရထားတွဲကို ဆွဲပြခဲ့ပါတယ်။ သူ့နည်းပြဆီက နောက်ဆုံး အကြံပြုချက်ကို ယူအပြီး အသက် ၃၂ နှစ်အရွယ် အုပ်စာနာ ကိုရှီလီဗာဟာ ရထားတွဲကို ၂ မီတာကျော် ရွေ့အောင် ဆွဲပြနိုင်ခဲ့ပါတယ်။ သူ့ကိုယ်အလေးချိန်က ၇၉ ကီလိုသာရှိပြီး ဒီလိုဆွဲနိုင်ဖို့ ၆ လကြာ စနစ်တကျ လေ့ကျင့်ခဲ့တယ်လို့ ပြောပါတယ်။ အားထုတ်မှု အောင်မြင်အပြီး သူက လေယာဉ်ကို ဆွဲပြဖို့ ပြင်ဆင်ခဲ့တာလို့ ပြောပါတယ်။ မြို့ခံ ဒါဇင်အတော်များများက စံချိန်တင် အားထုတ်မှုကို မျက်မြင်သက်သေအဖြစ် စုရုံး ကြည့်ရှုခဲ့ပါတယ်။ ကမ္ဘာ့အဆင့် အားကစားသမားဖြစ်သူ ရုရှားအားကစားမယ်ဟာ ၁၁ ဒသမ ၅ တန်လေးတဲ့ ရုရှားလုပ် ကုန်ကားကို ဆွဲခဲ့ဖူးပါတယ်။ သူဟာ စစ်ကားတွေကိုဆွဲဖို့ ကြိုးစားရေး စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့ အဓိက စိန်ခေါ်မှုဖြစ်တဲ့ တန်ချိန် ၂၀ လေးတဲ့ လေယာဉ်ကို ဆွဲဖို့ကိုလည်း လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up