၂၀၁၆ အိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ မြန်မာအသင်း ဂျော်ဒန်ကို အနိုင်ရ

ဓာတ်ပုံ - အိမ်ခိုင်မြဲ
စက်တင်ဘာ ၁၄ ရက်နေ့က မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်သွားတဲ့ ဘရာဇီး အိုလံပစ် အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ဂျော်ဒန်လက်ရွေးစင် အမျိုးသမီးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအမျိုးသမီးအသင်းက ပွဲချိန်တော်တော်များများကို ဖိကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်မှာ  ခင်မိုးဝေက သွင်းယူပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ ဂျော်ဒန်အသင်းက တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာက ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂျော်ဒန်က တန်ပြန် တိုက်စစ်တွေကို အသုံးပြုသွားပါတယ်။ မြန်မာအတွက် အနိုင်ရလဒ်ကို သေချာစေတဲ့ ဒုတိယဂိုးကို ၇၂ မိနစ်မှာ ဝေေ၀အောင် သွင်းယူပြီး အနိုင်ရသွားတာပါ။ ပထမကန်တဲ့ပွဲစဉ်မှာ တရုတ်တိုင်ပေအသင်းက ဗီယက်နမ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။ လောလောဆယ် အုပ်စုတွင်းမှာ မြန်မာနဲ့ တိုင်ပေတို့  ၃ မှတ်စီ ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up