A d v e r t i s e m e n t With Us

ခိုးယူခဲ့သည့် ဒေါ်လာ ၃ သိန်းတန် စိန်ပွင့် ကို ခိုးသူ၏ အူမကြီးထဲမှ ပြန်လည်ထုတ်ယူ (ရုပ်သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အမေရိကန်ဒေါ်လာ ၃ သိန်းတန် စိန်တပွင့်ကို ပြည်ပခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီးရဲ့ အူမကြီးထဲကနေ ထိုင်းအာဏာပိုင်တွေ စက်တင်ဘာ ၁၃ ရက်နေ့က စိန်ပွင့်ကို ပြန်လည်ထုတ်ယူနိုင်ခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အမျိုးသမီးဖြစ်ပြီး ခိုးယူခဲ့တဲ့ စိန်ပွင့်ဟာ အလေးချိန် ၆ ကရက်ရှိတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့က ကျောက်မျက်ရတနာပြပွဲ တခုကနေ ကျောက်မျက်အတုတွေနဲ့ လဲပြီး ခိုးယူလာခဲ့တာပါ။ ဆိုင်ရဲ့ လုံခြုံရေးကင်မရာက ရိုက်ကူးမိထားပြီး သုဝဏ္ဏဘူမိလေဆိပ်မှာပဲ သူ့ကို အမျိုးသားတဦးနဲ့ ဖမ်းမိခဲ့တာပါ။ ပထမတော့ ငြင်းဆိုခဲ့ပေမယ့် ဓာတ်မှန်ရိုက် စစ်ဆေးကြည့်တာမှာတော့ စိန်ပွင့်ကို အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ တွေ့မြင်ခဲ့ပါတယ်။ ၀မ်းနှုတ်ဆေးနဲ့ ထုတ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်လို့ ခွဲစိတ်ခန်းသုံး မှန်ဘီလူးနဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ပြန်လည်ထုတ်ယူခဲ့တာပါ။ အချိန် ၁၂ မိနစ်သာ ကြာခဲ့ပြီး အဲ့ဒီအမျိုးသမီးဟာ ဆေးရုံမှာ ပြန်လည်သက်သာလာပြီလို့ ထိုင်းရဲမှူးကြီး စနက် မဟာသ၀န် (Sanit Mahathavorn) က သတင်းထောက်တွေကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up