ကယ်လီဖိုးနီးယား တောမီး ကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကယ်ထုတ် (ရုပ်သံ)

3.4K
ကယ်လီဖိုးနီးယားပြည်နယ်ထဲ ၁၃ နေရာမှာ တောမီး လောင်နေတာကို မီးသတ်သမားတွေ မငြှိမ်းသတ်နိုင်သေးဘဲ စက်တင်ဘာ ၁၃ ရက်နေ့မှာ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရပါတယ်။
တောမီးရဲ့ ၂၀ ရာခိုင်နှုန်းကို ငြှိမ်းသတ်နိုင်ခဲ့တာတောင် စက်တင်ဘာ ၁၃ ရက်နေ့အထိ ဧက ၆ သောင်းခွဲကျော် မီးဆက်လောင်နေပါတယ်။
ဆန်ဖရန်စစ္စကိုမြောက်ပိုင်းက လိတ်ခ် နယ်မြေထဲမှာ အားကောင်းတဲ့ တောမီးကို ၁ ရာခိုင်နှုန်းတောင် မငြှိမ်းသတ်နိုင်ပါဘူး။
အာမာဒါနဲ့ ကယ်လာဗားရက်စ် စီရင်စု နယ်မြေတွေမှာ စက်တင်ဘာ ၉ ရက်နေ့ တောမီးစလောင်ကတည်းက အရေးပေါ် အခြေအနေ ကြေညာခဲ့ရပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ မြောက်ပိုင်းဒေသတွေကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
အလျှင်အမြန် ကူးစက်နေတဲ့ တောမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားတဲ့ မီးသတ်သမား ၄ ဦးလည်း ဒဏ်ရာရခဲ့ပြီး ဒေသခံ ထောင်နဲ့ချီ အနီးအနား မြို့ငယ်တွေဆီကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။
အခုအထိ အိမ် ၈၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။