ဘန်ကောက် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော လူ ၃ ဦးကို မလေးရဲ ဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
1K
ပြီးခဲ့တဲ့ သြဂုတ်လက ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ပတ်သက်တဲ့ လူ ၃ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားနိုင်ငံ ရဲချုပ် ခါလစ်အဘူဘိတ်ကာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
[caption id="attachment_112006" align="alignleft" width="300"]
မလေးရှားရဲချုပ် ခါလစ်အဘူဘိတ်ကာ။ (ဓာတ်ပုံ - ရိုက်တာ)[/caption]
ဖမ်းဆီးထားတဲ့လူ ၃ ဦးထဲက ၂ ဦးဟာ မလေးရှားနိုင်ငံကဖြစ်ပြီး နောက်တဦးကတော့ ပါကစ္စတန်နိုင်ငံမှဖြစ်ကာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖြစ်ကြတယ်လို့ မလေးရှားရဲချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
“ခုလောလောဆယ်တော့ ကျနော်တို့ အသေးစိတ် မပြောနိုင်သေးပါဘူး။ သံသယရှိသူတွေဆီက ဘန်ကောက်ဗုံးပေါက်ကွဲမှုမှာ ပါဝင်တဲ့သူတွေကို စုံစမ်းဖော်ထုတ်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ လောလောဆယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဆဲ ဖြစ်တာကြောင့် အသေးစိတ် ထုတ်ဖော်မပြောနိုင်သေးပါဘူး”
သြဂုတ် ၁၇ ရက်နေ့က ဘန်ကောက်မြို့လယ် ဧရာဝဏ်နတ်ကွန်း အနီးမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုအတွက် ဘယ်အုပ်စုက လုပ်ခဲ့တယ် ဆိုတာကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံခြားသား ၁၄ ဦး အပါအ၀င် လူ ၂၀ သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။