A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် ပွဲစဉ် ၅ စပါးနှင့် လက်ဆက်စတာတို့ နိုင်

လက်ဆက်စတာအသင်းမှ ဗာဒီ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
စက်တင်ဘာ ၁၃ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးက အဝေးကွင်းမှာ ဆန်းဒါးလန်းကို ၁ ဂိုးတည်းနဲ့ အနိုင်ရသွားပါတယ်။ စပါးအတွက် အနိုင်ဂိုးကို ၈၂ မိနစ်ရောက်မှ မာဆန်က သွင်းယူပေးပါတယ်။ ဒီပွဲမှာ စပါးက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမယ့် ဆန်းဒါးလန်းက ထိုးဖောက် ကန်သွင်းခွင့် ပိုရခဲ့တာပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆန်းဒါးလန်းက ဂျာမိန်း လန်းစ်က ရရှိသွားပါတယ်။ စပါးအတွက်တော့ ပထမဆုံး နိုင်ပွဲစရတာ ဖြစ်ပြီး ၆ မှတ်နဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်။ နောက်ပွဲစဉ်မှာတော့ လက်ဆက်စတာ စီးတီးအသင်းက အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လက်ဆက်စတာ စီးတီးအသင်းဟာ ကစားပြီးတဲ့ ၅ ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပြီး လောလောဆယ် ၁၁ မှတ်နဲ့ ဇယားထိပ်က မန်စီးတီးရဲ့ နောက် အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up