A d v e r t i s e m e n t With Us

မေ၀ယ်သာက ဘာတိုကို အနိုင်ယူ (ရုပ်သံ)

အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ လက်ဝှေ့ စိန်ခေါ်ပွဲမှာ နာမည်ကြီး မေ၀ယ်သာက အန်ဒရေး ဘာတိုကို အနိုင်ရ သွားပါတယ်။ အသက် ၃၈ နှစ်အရွယ် မေ၀ယ်သာဟာ ဒီပွဲကို နိုင်လိုက်လို့ လက်ဝှေ့ ကစားသမားဘ၀မှာ ရှုံးပွဲမရှိ စံချိန်နဲ့ ၄၉  ပွဲ အနိုင်ရခဲ့ပါတယ်။ ဘာတိုနဲ့ ထိုးတဲ့ပွဲဟာ နောက်ဆုံး ထိုးသတ်တဲ့ပွဲ ဖြစ်တယ်လို့ မေ၀ယ်သာက ပြောဆိုထားပါတယ်။ ဘာတိုဟာ အခုပွဲ အပါအ၀င် ၄ ပွဲ ဆက်တိုက် ရှုံးထားပါတယ်။ လက်ဝှေ့ကျော် မေ၀ယ်သာဟာ လက်ရည်တူနိုင်တဲ့ ဗြိတိန်က လက်ဝှေ့သမား အမီခန်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဘာတိုနဲ့ ထိုးသတ်ဖို့ ရွေချယ်တဲ့အပေါ်မှာလည်း ဝေဖန် ခံနေရတာပါ။ မေ၀ယ်သာနဲ့ ဘာတိုတို့ ပွဲစဉ်မှာ  ပက်ကွီအိုနဲ့ ထိုးတဲ့ ပွဲစဉ်လောက် ပရိသတ် စိတ်ဝင်စားမှုတော့ မရခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up