A d v e r t i s e m e n t With Us

တရုတ် လေယာဉ်ကျွမ်းဘားအဖွဲ့ အလှပြ ပျံသန်း (ရုပ်သံ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် လက်အောက်ခံ ဘာရီ လေယာဉ် ကျွမ်းဘားအဖွဲ့ဟာ စက်တင်ဘာ ၁၃ ရက်နေ့က နိုင်ငံ အရှေ့တောင်ပိုင်းဒေသမှ လေယာဉ်အလှပြ ပျံသန်းပြခဲ့ပါတယ်။ ဂျီိလင်းပြည်နယ်ထဲမှာ ၄ ရက်ကြာ လေကြောင်းဆိုင်ရာ ပြပွဲ ပိတ်ပွဲ အခမ်းအနားအဖြစ် ပြုလုပ်တာပါ။ J-10 ၈ျက်တိုက်လေယာဉ် ၁၀ စီးက ပုံစံမျိုးစုံ အလှပြ ပျံသန်းတဲ့ အစီအစဉ် ပါဝင်ပါတယ်။ လေယာဉ်ကျွမ်းဘားအဖွဲ့ကို ၁၉၆၂ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တရားဝင် နာမည်ပေးခဲ့ပါတယ်။ အဓိက တာဝန်ကတော့ နိုင်ငံခြား ဧည့်သည်တွေကို ကြိုဆိုတဲ့ အစီအစဉ်နဲ့ အခမ်းအနား အစီအစဉ်တွေမှာ တင်ဆက်ဖို့ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ တာဝန်ထမ်းဖို့ ထူးချွန်တဲ့ လေယာဉ်မှူးတွေကို စနစ်တကျ ရွေးချယ်ပါတယ်။ ပြီးဆုံးသွားတဲ့ လေကြောင်းဆိုင်ရာ ပြပွဲကတော့ ကောင်းကင်ပြာ အိပ်မက်ကို အကောင်အထည်ဖော်ခြင်းလို့ အဓိပ္ပာယ်ရပြီး စက်တင်ဘာ ၁၀ ရက်နေ့က စတင်ခဲ့ပါတယ်။ ဧည့်ပရိသတ် ၁ သိန်းကို ဆွဲဆောင်နိုင်ခဲ့တဲ့ ပြပွဲလည်း ဖြစ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up