A d v e r t i s e m e n t With Us

အာရှလမ်းမကြီးတွင် ကားသုံးစီး ဆင့်ကဲတိုက် (ရုပ်သံ)

ကရင်ပြည်နယ် အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ် တောင်ပတ်လမ်း၊ ရင်ကွဲတောင်နဲ့ ကွမ်းခြံတောင်အဆင်း လမ်းပိုင်းမှာ ကားသုံးစီးဆင့်တိုက်မှုတခု စက်တင်ဘာ ၁၂ ရက်နေ့က ဖြစ်ခဲ့ပါတယ်။ ကော့ကရိတ်မြို့ဘက်က မောင်းလာတဲ့ ၁၂ ဘီးကားတစီးဟာ ဘရိတ်ပေါက်ပြီး  ခရီးသည်တင်ကားနဲ့ ဟိုင်းလတ်ကားတစီးတို့ကို တိုက်မိခဲ့တာဖြစ်ပါတယ်။ ခရီးသည်တင်ကားပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၁ ဦးလုံး ထိခိုက်ဒဏ်ရာတစုံတရာ မရှိခဲ့ပေမယ့် ဟိုင်းလတ်ကားပေါ်မှာ လိုက်ပါလာသူတဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် သင်္ကန်းညီနောင် ဆေးရုံကို ပို့ဆောင်ပေးလိုက်ရပါတယ်။ အာရှလမ်းမကြီး မြဝတီ-ကော့ကရိတ်တောင်ပတ်လမ်းကို သြဂုတ် ၃၀ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းရုပ်သံ - ဖိုးစီ

A d v e r t i s e m e n t With Us

More News
Up