A d v e r t i s e m e n t With Us

မိုးရွာထဲ လမ်းလျှောက်လိုသူများအတွက် မိုးဖွဲခန်းမ (ရုပ်သံ)

မိုးရွာထဲမှာ လမ်းလျှောက်ချင်သူတွေအတွက် ရှန်ဟိုင်းမှာ မိုးဖွဲခန်းမတခုကို ဖွင့်လှစ်ထားပါတယ်။ မိုးတုတွေ ရွာကျနေတဲ့ အခန်းထဲကို ၀င်သွားတဲ့ လူတွေဟာ မိုးရေမစိုပေမယ့် မိုးရွာထဲ လမ်းလျှောက်သလိုမျိုး အရသာကို ခံစားရမှာပါ။ ဒီပြတိုက်ကို လန်ဒန်နဲ့ နယူးယော့ခ်တို့မှာ ၂၀၁၂ နဲ့ ၂၀၁၄ တို့မှာ ဖွင့်လှစ်ခဲ့ပြီး ရှန်ဟိုင်းမှာ စက်တင်ဘာလ ၁ ရက်နေ့က စတင်ဖွင့်လှစ်ပါတယ်။ ဧရိယာ စတုရန်း မီတာ ၁၅၀ မှာ  ပြတိုက်ကို တည်ဆောက်ထားတာပါ။  သုံးဘက်မြင် ကင်မရာတွေကို တပ်ဆင်ထားပြီး လူရဲ့လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ ကိရိယာတွေလည်း တပ်ဆင်ထားတာကြောင့် အခန်းထဲ ရောက်နေတဲ့လူကို မစိုးစွတ်စေဘဲ  မိုးဖွဲ ရွာသွန်းပါတယ်။ ပြတိုက်ကို ထူထောင်သူ ယူဒေယိုက လူတွေကို သဘာဝသယံဇာတ ကာကွယ်ရေး အသိပညာတွေ တိုးစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အခန်းထဲ ၀င်လာရင် မိုးရွာတာကို တွေ့ရမယ်၊ ဒါပေမယ့် မိုးစက်ကိုတော့ ထိတွေ့လို့ မရနိုင်ဘူး၊ ဒါဟာ အနာဂတ်မှာ လူသားတွေ ကြုံတွေရမယ့် ကံကြမ္မာပဲလို့ ဆိုပါတယ်။ ရေကို မြင်သာမြင်ပြီး ထိတွေ့ကိုင်တွယ်လို့ မရတော့တဲ့ ဘ၀မျိုး၊ မိုးရေဆိုတာကလည်း ပြတိုက်ထဲ သွားကြည့်ရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အလည်အပတ်လာသူတွေ များတာကြောင့်  မိုးဖွဲ ခမ်းမထဲ တကြိမ်မှာ လူ ၂၀၊ ၁၀ မိနစ်ပဲ လမ်းလျှောက်ခွင့်ပြုပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရှန်ဟိုင်းမှာ ဖွင့်ထားပြီး ၂၀၁၆ နွေရာသီကစလို့ ဘေဂျင်းကတဆင့် အာရှတခွင် လှည့်လည်ပြသမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up