ရန်ကုန်တွင် ဘတ်စကက်ဘော ဒိုင်လူကြီး သင်တန်းဖွင့်မည်

နိုင်ငံတကာဘတ်စကက်ဘောအဖွဲ့ချုပ် (အက်ဖ်အိုင်ဘီအေ) က ကြီးမှူးပြီး ရန်ကုန်မြို့မှာ ဘတ်စကက်ဘောဒိုင်လူကြီး မွမ်းမံသင်တန်းတခုကို စက်တင်ဘာ ၁၉ ရက်နေ့ စတင်ဖွင့်လှစ်မယ်လို့ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်ရဲ့သတင်း ထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဘတ်စကက်ဘောကစားသမားတွေအတွက်ရော ဒိုင်တွေအတွက်ပါ အရည်အ သွေးမြှင့်တင်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်မယ့် ဒီသင်တန်းကို တိုင်းနဲ့ပြည်နယ်အသီးသီးက ဘတ်စကက်ဘောဒိုင် ၄၂ ဦး တက်ရောက်မယ်လို့ သတင်းကဆိုပါတယ်။ ဒီသင်တန်းမှာ သင်တန်းသားတွေအနေနဲ့ စာတွေ့ရော၊ လက်တွေ့ပါ သင်ယူနိုင်မှာ ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ သင်ကြားမှာ ဖြစ်ပါတယ်။ နိုင်ငံတကာဘတ်စကက်ဘောအဖွဲ့ချုပ် (အက်ဖ်အိုင်ဘီအေ) အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်တည်းက မွမ်းမံသင်တန်းတွေ ပေးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up