A d v e r t i s e m e n t With Us

စက်ဘီးကို ရှောင်တိမ်းရာမှ ကုန်တင်ကားတစီး တံတားပေါ်မှထိုးကျ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်မြို့တော် ဟိုက်ကူမှာ စက်တင်ဘာလ ၁၀ ရက်နေ့မနက်ပိုင်းက ကုန်တင်ကားတစီးဟာ လျှပ်စစ်စက်ဘီးတစီးနောက်ကနေ မောင်းလာစဉ်မှာ ရှောင်တိမ်းရင်း ၁၀ မီတာအမြင့်ရှိတဲ့ တံတားတစင်းပေါ်က ထိုးကျသွား ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ မတော်တဆမှုမှာ စက်ဘီးစီးလာသူက သေဆုံးသွားခဲ့ပြီး ကုန်တင်ကားမောင်းသူ ကတော့ အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဟိုက်ကူမြို့တော် ယာဉ်ထိန်းရဲတွေရဲ့အဆိုအရ အဲဒီကုန်တင်ကားမောင်းသူမှာ ယာဉ်မောင်းလိုင်စင်မရှိဘူးလို့သိရပြီး အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်း နေဆဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up