A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် အဲဗာတန် ၃-၁ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၁၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ လက်ရှိချန်ပီယံ ချဲလ်ဆီးက အဝေးကွင်းမှာ အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ ချဲလ်ဆီးအတွက်တော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။ အိမ်ရှင် အဲဗာတန်အတွက် အနိုင်ဂိုး ၃ ဂိုးစလုံးကို ၉ မိနစ်မှာ လူးစားဝင်လာတဲ့ နေးစမစ်က သွင်းယူပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုး ၁ ဂိုးကို မာတစ်က သွင်းယူပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး ဘောလုံးပိုင်ဆိုင်မှု အသာရပေမယ့်လည်း အဲဗာတန်က အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ အခုပွဲမှာလည်း ချဲလ်ဆီး ခံစစ်ကြောင်းမှာ အားနည်းချက်တွေ ရှိနေတာကို ထပ်ပြီး ပေါ်လွင်စေခဲ့ပါတယ်။ အခုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို အဲဗာတန်က နေးစမစ်က ရရှိသွားပါတယ်။ ချဲလ်ဆီးက ကစားပြီးတဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ မှတ်ပဲ  ရသေးလို့ အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ ဒါကြောင့် ၂၅ နှစ်အတွင်း အဆိုးဝါးဆုံး ရာသီအစ ရလဒ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဗာတန်ကတော့ ၈ မှတ်နဲ့ အဆင့် ၄ မှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up