ပရီးမီးယားလိဂ် မန်ယူ ၃-၁ လီဗာပူး (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၁၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်မှာ မန်ယူက အိမ်ကွင်းမှာ လီဗာပူးကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ မန်ယူအတွက် အနိုင်ဂိုးတွေကို ဘလင်း၊ ဟာရဲရားနဲ့ အသစ်ခေါ်ယူထားတဲ့ ဆယ်ကျော်သက် တိုက်စစ်မှူး မာရှယ်တို့က သွင်းယူပေးပါတယ်။ လီဗာပူးအတွက် တလုံးတည်းသော ချေပဂိုးကို တိုက်စစ်မှူး ဘန်တီကီက သွင်းယူတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူက စာချုပ်သစ် ချုပ်ဆိုနိုင်တဲ့ ဂိုးသမား ဒီဂီယာလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင် ကစားသွားပါတယ်။ တခြားပွဲစဉ်တွေမှာတော့ အာဆင်နယ်က စတုတ်စီးတီးကို ၂ ဂိုး ဂိုးမရှိ၊ မန်စီးတီးက ခရစ်စတယ် ပဲလေ့စ်ကို အဝေးကွင်းမှာ ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ ကစားပြီးတဲ့ ၅ ပွဲမှာ မန်စီးတီး ၁၅ မှတ်နဲ့ ဦးဆောင်နေပြီး မန်ယူက ၁၀ မှတ်နဲ့ ဒုတိယ၊ အာဆင်နယ်ကလည်း ၁၀ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

More News
Up