ဒုက္ခသည်အရေး ကော်ဇော်နီပေါ်တွင် ခြေဗလာဖြင့် ဆန္ဒပြ (ရုပ်သံ)
အီတလီနိုင်ငံမှာကျင်းပနေတဲ့ ဗင်းဆင့် ရုပ်ရှင်ပွဲတော်မှာ ဥရောပကို ရောက်လာတဲ့ ထောင်နဲ့ချီ ဒုက္ခသည်တွေကို ထောက်ခံတဲ့အနေနဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ကော်ဇော်နီပေါ်မှာ ဖိနပ်မပါ ခြေဗလာနဲ့ လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြတဲ့သူတွေက ဆောင်ပုဒ်တွေ အော်ဟစ်ကြွေးကြော်ပြီး ဒုက္ခသည်တွေကို တားဆီးထားတဲ့ အကာအရံတွေကို ဖြတ်သန်းပြီး သရုပ်ပြ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
လေပေါ်မှာ ဖိနပ်တွေကို ဝှေ့ယမ်းထားပြီး ဗင်ဆင့်ရုပ်ရှင်ပွဲတော်နားကို ရောက်လာတဲ့ ဆန္ဒပြသူတွေကို ရဲတွေက စောင့်ကြည့်ခဲ့ပါတယ်။
ခြေဗလာနဲ့ ဆန္ဒပြတဲ့သူတချို့ကို ဗင့်ဆင့်ရုပ်ရှင်ပြပွဲ နန်းတော် အပြင်ဘက်က အနီရောင် ကော်ဇောပေါ်မှာ လမ်းလျှောက်ခွင့်ပြုခဲ့ပါတယ်။
ဒီနောက်မှာတော့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူသားချင်းစာနာဖို့ တောင်းဆိုခဲ့ပါတယ်။