အမျိုးသားဒီမိုကရေစီပါတီသစ် မဲဆွယ်စည်းရုံးရေး စတင် (သတင်းဓာတ်ပုံ)
DVB
·
September 12, 2015
အမျိုးသားဒီမိုကရေစီပါတီသစ်အနေနဲ့ ပထမအကြိမ် အောင်နိုင်ရေးလှုပ်ရှားမှုကို သင်္ဃန်းကျွန်းမြို့နယ်မှာ ဒီနေ့ စတင်ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ်အနေနဲ့ ရက်ပေါင်း ၆၀ ဆယ်အတွင်း ပထမအကြိမ် အောင်နိုင်ရေးလှုပ်ရှားမှုကို သင်္ဃန်းကျွန်းမြို့နယ်မှာ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး မဲဆန္ဒရှင်တွေကို ကိုယ်စားလှယ်လောင်းတွေက လိုက်လံတွေ့ဆုံပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ်အနေနဲ့ ပြည်သူ့လွှတ်တော်ကိုစားလှယ်နေရာမှာ ၈ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာမှာ ၃ ဦး နဲ့ တိုင်း/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ၁၆ ဦး စုစုပေါင်း ၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။