နာမည်ကြီး တင်းနစ်သမားကို လူမှားဖမ်းသည့် ဗွီဒီယို နယူးယောက်ရဲထုတ်ပြန်(ရုပ်သံ)

အမေရိကန်ပြည်ထောင်စု နယူးယောက် ရဲတပ်ဖွဲ့က နာမည်ကြီး တင်းနစ်သမား ဂျိမ်းဘလိတ်ကို လူမှားဖမ်းဆီးတဲ့ ရုပ်သံဖိုင်ကို စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ုလိက်ပါတယ်။ လူတွေသွားလာနေတဲ့ မြို့လယ်က မက်ဟန်တန် ဟိုတယ်ရှေ့မှာ အမေရိကန် အိုပင်း တင်းနစ်ပွဲသွားဖို့ ကားစောင့်နေတဲ့ ဘလိတ်ကို လိမ်လည်ဖမ်းဆီးပြီး မြေပေါ်တွန်းထိုးကာ လက်ထိတ်ခတ်တဲ့ ဖြစ်ရပ်ကို ရုပ်သံက မှတ်တမ်းတင်ထားပါတယ်။ နယူးယောက်ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး ၀ီလီယံဘရပ်တွန်က ဒီဖြစ်ရပ်အတွက် တင်းနစ်သမားကို တောင်ပန်ခဲ့ပြီးတဲ့နောက် ဒီရုပ်သံဖိုင်ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဘလိတ်ဟာ ကမ္ဘာ့အဆင့် နံပါတ် ၄ နေရာမှာ ရပ်တည်နေတဲ့ တင်းနစ်ကစားသမားလည်း ဖြစ်ပါတယ်။

More News
Up