ဖက်ရှင်ပါတီတွင် အဆိုတော်မလေးနှင့် ပူးကပ်နေသည့် ဘက်ခမ်း၏သား

ဓာတ်ပုံ - Michael Loccisano/Getty Images
2.4K
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့သား ဘရွတ်ကလင်က ဖက်ရှင်ပါတီတခုမှာ အဆိုတော် သရုပ်ဆောင် ဒီဇိုင်နာ ဆလီနာ ဂိုမက်ဇ်နဲ့ ပူးကပ်နေတဲ့ ဓာတ်ပုံတွေကို ဗြိတိန် မေးရားသတင်းက ဖော်ပြပါတယ်။
စက်တင်ဘာ ၁၀ ရက်က နယူးယောက်က ဖက်ရှင်ရှိုးတခုမှာ ဓာတ်ပုံရိုက်တဲ့ အချိန်မှာ သူတို့ ၂ ဦးဟာ သက်တောင့်သက်သာနဲ့ အရိုက်ခံခဲ့တယ်လို့သတင်းက ပြောပါတယ်။
ဓာတ်ပုံတပုံမှာတော့ ဂိုမက်ဇ်ဟာ အသက် ၁၆ နှစ် ဘရွတ်ကလင်ပခုံးမှာ မှီထားတယ်လို့လည်း ဆိုပါတယ်။
ဘရွတ်ကလင်က စကင်နီဂျင်း အနက်ရောင် အဖြူရောင်တီရှပ်နဲ့ ဂျင်းအင်္ကျီကို ၀တ်ဆင်ထားသလို ဆလီနာက အနက်ရောင် လည်သာ အင်္ကျီကို ၀တ်ထားတယ်လို့ ဆိုပါတယ်။
အင်စတာဂရမ်မှာလည်း ရိုက်ထားတဲ့ဓာတ်ပုံကို ရှယ်ခဲ့ပြီး ဒီကောင်မလေးနဲ့ အတော်ကို ပျော်ခဲ့တယ်လို့ စာရေးပြီး ပိုစ့်တင်ခဲ့ပါတယ်။
[caption id="attachment_111857" align="aligncenter" width="615"]
ဓာတ်ပုံ - Michael Loccisano/Getty Images[/caption]
အရင်တလောက ဘရွတ်ကလင်က ပြင်သစ်ရုပ်ရှင်မင်းသမီး ဆိုနီယာ ဘန်အမ်မာနဲ့ ချိတ်ဆက်ခဲ့ပါသေးတယ်။
