A d v e r t i s e m e n t With Us

အာဇာနည်နေ့အခမ်းအနား အဖွဲ့ချုပ် စည်ကားစွာ ကျင်းပမည်

လာမယ့်​ ဇူလိုင်လ ၁၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၆၄ နှစ်​မြောက် အာဇာနည်​နေ့​ အခမ်း​အနား​ကို ရန်ကုန်မြို့​၊​ ဗဟန်း​မြို့​နယ်၊​ ​ရွှေဂုံတိုင်အုတ်လမ်း​မှာရှိတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​မှာ စည်ကား​သိုက်မြိုက်စွာ ကျင်း​ပဖို့​ရှိ​နေပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ အဖွဲ့​ချုပ်ဗဟိုအလုပ်အမှု​ဆောင် အစည်း​အ​ဝေး​မှာ အာဇာနည်​နေ့​ အခမ်း​အနား​ကျင်း​ပ​ရေး​အတွက် ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ အစည်း​အ​ဝေး​ အပြီး​မှာ အခုလို ကျင်း​ပဖို့​ ဆုံး​ဖြတ်လိုက်ကြတာဖြစ်ပါတယ်။ အဖွဲ့​ချုပ် ပြန်​ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က “ဒီ​နေ့​ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ အစည်း​အ​ဝေး​ ကျင်း​ပပါတယ်။ အဲဒီ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​မှာ ဒီနှစ်ကျ​ရောက်မယ့်​ ​ရှေ့​လထဲမှာ ကျ​ရောက်မယ့်​ အာဇာနည်​နေ့​ အခမ်း​အနား​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကျင်း​ပမယ်လို့​ ဆုံး​ဖြတ်ပါတယ်။ အ​သေး​စိတ် အစီအစဉ်​တွေက​တော့​ မလုပ်ရ​သေး​ပါဘူး​။ သီး​ခြား​ ဘာမှ​ပြောတာ မရှိပါဘူး​။ အာဇာနည်​နေ့​ကို အား​လုံး​ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့​ တညီတညွတ်တည်း​ပဲ ဆုံး​ဖြတ်ပါတယ်။ အာဇာနည်​နေ့​ကို ဒီနှစ်အာဇာနည်​နေ့​ကို ခမ်း​နား​စွာကျင်း​ပသွား​မယ် ဒါပါပဲ” လို့​ ​ပြောပါတယ်။ မြန်မာ့​လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​တကွ အာဇာနည် ​ခေါင်း​ဆောင်​တွေ ကျဆုံး​ခဲ့​ရတဲ့​ နှစ်ပတ်လည်အခမ်း​အနား​ကို အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​က တလ​လောက်ကြိုတင်ပြီး​ အခုလိုကျင်း​ပဖို့​ ပြင်ဆင်​နေ​ပေမယ့်​လည်း​ မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်နဲ့​ အုပ်ချုပ်ခဲ့​တဲ့​ နဝတနဲ့​ နအဖစစ်အစိုး​ရလက်​တွေမှာ​တော့​ အာဇာနည်​နေ့​ အခမ်း​အနား​တွေကို ​မှေး​မှိန်​အောင် နိုင်ငံ​တော်အဆင့်​အ​နေနဲ့​ မကျင်း​ပ​တော့​တာ နှစ် ၂၀ ​ကျော် ကြာမြင့်​နေပြီပါတယ်။ နောက်ဆုံး​အ​နေနဲ့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ပြည့်​နှစ်မှာ​တော့​ နိုင်ငံ​ရေး​ပါတီ ထူ​ထောင်ခွင့်​တွေကို အစိုး​ရက ခွင့်​ပြုအပြီး​မှာ​တော့​ ပါတီ​ခေါင်း​ဆောင်​တွေကို အာဇာနည်ကုန်မှာ လာ​ရောက်ဂါရဝ ပြုခွင့်​ပြန်​ပေး​ခဲ့​ပါတယ်။ စစ်အုပ်ချုပ်​ရေး​က​နေ အရပ်သား​အစိုး​ရအဖြစ် ​ပြောင်း​လဲကျင့်​သုံး​လာတယ်ဆိုတဲ့​ နအဖ​ကောင်စီဝင် ဗိုလ်ချုပ်ကြီး​ဟောင်း​ သမ္မတသစ် ဦး​သိန်စိန် လက်ထက် ပထမဆုံး​မြင်​တွေ့​ရမယ့်​ အာဇာနည်​နေ့​အခမ်း​အနား​ကို အစိုး​ရအဖွဲ့​က ဘယ်လို ဘယ်ပုံ ကျင်း​ပပြုလုပ်မယ် ဆိုတာ​တော့​ ​စောင့်​ကြည့်​ရမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up