A d v e r t i s e m e n t With Us

ရှေးကယား လူမျိုးများကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ (ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကယားပြည်နယ်ရဲ့ ဝေလံခေါင်ဖျားတဲ့ တောင်တန်းတွေပေါ်မှာ နေထိုင်တဲ့ ရှေးကယားလူမျိုးတွေ နေထိုင်တဲ့ ဒေါလဲဒူကျေးရွာသူရွာသားတွေနဲ့ တွေ့ဆုံပါတယ်။ အိမ်ခြေ ၅၂ အိမ်ပဲရှိတဲ့ ဒီကျေးရွာက ဒေသခံတွေကို စက်တင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို သိသလား၊ မဲဘယ်လိုပေးရမယ်ဆိုတာ သိလား ဆိုပြီးမေးမြန်းခဲ့ပါတယ်။ ဒေသခံတောင်ပေါ်တိုင်းရင်းသားတွေက ရွေးကောက်ပွဲရှိတာ သိကြောင်း နဲ့ မဲဘယ်လိုပေးရမယ်ဆိုတာ မသိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒေသခံတွေ ဘာတွေ လိုအပ်နေလဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အခါ ကလေးတွေပညာသင်ဖို့ ကျောင်းနဲ့ ဆန်စပါးတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ''ကျမ တတ်နိုင်သလောက် အကူအညီပေးပါ့မယ်။ ဒါပေမယ့် ရေရှည်မှာ ဒီလူတွေ ချမ်းသာဖို့ဆိုတာတော့ ဒီလူတွေကို တာဝန်ခံတဲ့ အစိုးရရှိရမယ်။ တကယ်တော့ အဲ့လိုမျိုးဆန်မရှိပါဘူး၊ ဆန်ပေးပါဆိုပြီး တောင်းနေရတာ မကောင်းဘူး။ ကျောင်းမရှိဘူးဆိုပြီး ကျောင်းတွေတောင်းနေရတာ မကောင်းဘူး။ တကယ်တော့ ဒါတွေကို တာဝန်ခံရမယ့် အစိုးရလိုအပ်တယ်။'' ဒေါလဒူရွာကနေတဆင့် ရှားတောမြို့ကို ရွေးကောက်ပွဲခရီးစဉ်ကို ဆက်လက်ထွက်ခွာပါတယ်။ သတင်းဓာတ်ပုံ - ကောင်းထက်ကျော်  

A d v e r t i s e m e n t With Us

More News
Up