A d v e r t i s e m e n t With Us

ငါးသိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အင်တာနက်သုံးခွင့်ရ

ပြည်တွင်း​မှာအသုံး​ပြု​နေတဲ့​ ငါး​သိန်း​တန် ဂျီအက်စ်အမ်ဖုန်း​တွေကို ဇွန်လ ၂၁ ရက်ကစပြီး​ အင်တာနက်အသုံး​ပြုခွင့်​ ​ပေး​လိုက်ပြီလို့​ သဗွိုင့်​စ်ဝီကလီး​ သတင်း​ဂျာနယ် အင်တာနက် စာမျက်နှာ ​ရေး​သား​ဖော်ပြထား​ပါတယ်။ ရန်ကုန်နဲ့​ ​နေပြည်​တော်မှာချထား​ပေး​တဲ့​ ဂျီအက်စ်အမ်ဖုန်း​တွေမှာ အင်တာနက်သုံး​လို့​ရနိုင်ပြီး​ မန္တ​လေး​နဲ့​ နယ်မြို့​တွေမှာ ချထား​ပေး​ခဲ့​တဲ့​ ဂျီအက်စ်အမ်ဖုန်း​တွေမှာ​တော့​ အင်တာနက်သုံး​လို့​ မရနိုင်​သေး​တဲ့​အ​ကြောင်း​ ဆက်သွယ်​ရေး​က အဆင့်​မြင့်​အရာရှိတဦး​ကို ကိုး​ကား​ပြီး​ ဗွိုင့်​စ်သတင်း​က ​ဖော်ပြပါတယ်။ ငါး​သိန်း​တန်ဂျီအက်စ်အမ်ဖုန်း​တွေကို ​ရောင်း​ချခွင့်​ ရထား​တဲ့​ အီလိုက်တက်ကုမ္ပဏီက သူတို့​ကုမ္ပဏီ​တွေရဲ့​ အ​ရောင်း​ဆိုင်​တွေမှာ ဖုန်း​လာဝယ်တဲ့​ သူ​တွေကို ဒီ​နေ့​ကစပြီး​ အင်တာနက်လိုင်း​ တခါတည်း​ပါပြီး​သား​ ဖုန်း​ရောင်း​ပေး​နေတယ်လို့​ ​ပြောပါတယ်။ “အရင်ကတည်း​က​နေ ၅ သိန်း​တန် ဂျီအက်စ်အမ်​လျှောက်ထား​တာ ရှိတယ်ဆိုရင် ​ရွှေဂုံတိုင် ဆက်သွယ်​ရေး​ရုံး​ကို ကတ်နဲ့​ စာချုပ်ယူပြီး​တော့​ ပြန်သွား​လိုက် သူတို့​ ကတ်လဲ​ပေး​လိမ့်​မယ်။ အဲဒီမှာ ​ငွေ ၁ ​သောင်း​သွင်း​ရတယ်။ အီလိုက်တက်ကုမ္ပဏီက ကျ​တော့​ ဘယ်လိုမျိုး​ လုပ်​ပေး​တာလဲဆို​တော့​ ဒီ​နေ့​ ထုတ်လိုက်တယ်၊​ ဒီ​နေ့​မှ အင်တာနက် စ​ပေး​တာ​လေ၊​​ ဒီ​နေ့​လာထုတ်တဲ့​ ကတ်​တွေမှာကျ​တော့​ အင်တာနက်လိုင်း​ တခါတည်း​ ပါပြီး​သား​လေ။ အဲဒီလိုမျိုး​ ဖြစ်သွား​တယ်။ အရင်တုန်း​က ထုတ်ထား​တဲ့​ ကတ်​တွေကျ​တော့​ ​ရွှေဂုံတိုင်က​နေ ပြန်လဲ​ပေး​တယ်။” အင်တာနက်ပါ ငါး​သိန်း​တန် ဂျီအက်စ်အမ်ဖုန်း​ကို ကျပ်ငါး​သိန်း​ တ​သောင်း​တ​ထောင့်​ငါး​ရာ ​ပေး​ပြီး​ ချက်ချင်း​ ဝယ်ယူလို့​ရ​နေပြီလို့​လည်း​ ​ပြောပါတယ်။ ဇွန်လဒုတိယပတ်ကစပြီး​ ငါး​သိန်း​တန်ဂျီအက်စ်အမ်ဖုန်း​တွေကို ကုမ္ပဏီသုံး​ခုက အ​ရောင်း​ဆိုင်​တွေမှာ တထိုင်တည်း​ဝယ်ယူခွင့်​ရခဲ့​တာဖြစ်ပါတယ်။ ရတနာပုံတယ်လီပို့​၊​ ​အေး​ရှား​မီဂါလင့်​နဲ့​ အီလိုက်တက်ကုမ္ပဏီ​တွေ ဖြစ်ပါတယ်။ အစိုး​ရသစ်လက်ထက်မှာ ဂျီအက်စ်အမ်မိုဘိုင်း​ဖုန်း​ သန်း​သုံး​ဆယ် ချထား​ပေး​မယ်လို့​ ဆက်သွယ်​ရေး​က ​ပြောထား​ပြီး​ ပထမအသုတ်အဖြစ် ဒီဘဏ္ဍာ​ရေး​နှစ်မှာ အလုံး​ရေ ​လေး​သန်း​ချထား​ပေး​မယ်လို့​လည်း​ ဆိုပါတယ်။ တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ လက်ရှိဖုန်း​အသုံး​ပြုနိုင်တာ ငါး​ရာခိုင်နှုန်း​ပဲရှိ​သေး​တာမို့​ လူတရာမှာ ငါး​ယောက်ပဲ အသုံး​ပြုနိုင်​သေး​တာဖြစ်​ကြောင်း​ တရား​ဝင်စာရင်း​ဇယား​တွေအရ သိရပါတယ်။ အာဆီယံနိုင်ငံ​တွေထဲ ဖုန်း​သုံး​စွဲနိုင်မှုမှာ ​နောက်ပိတ်ဆုံး​ရောက်​နေတာလည်း​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up