အာဏာရှင် မဟုတ်ဟု မန်ယူနည်းပြပြော

674
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ လူးဝစ်ဗန်ဂေါက အာဏာရှင်မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
အ၀တ်လဲခန်းက ဖြစ်ရပ်တွေကြောင့် ကစားသမားတွေက အသင်းမှာ မပျော်ရွှင် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဗန်ဂေါက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတယ်လို့ ဘီဘီစီသတင်းမှာ ရေးပါတယ်။
အာဏာရှင်မဟုတ်ဘဲ အပြောကောင်းသူတယောက် ဖြစ်တယ်လို့ ဗန်ဂေါက ပြောပါတယ်။
သတင်းစာတွေမှာလည်း လေ့ကျင့်ခန်းမှာ တွေ့ကြုံရတဲ့ ပြဿနာနဲ့ ကစားသမားတွေကို လူရှေ့သူရှေ့မှာ အပြစ်တင်တတ်တာတွေကို ရေးသားနေပါတယ်။
အ၀တ်လဲခန်းက အခြေအနေက မလတ်ဆတ်ဘူးလို့ ရွန်နီနဲ့ ကာရစ်ကလည်း ပြောဆိုခဲ့ဖူးပါတယ်။
တချို့ကစားသမားတွေက အ၀တ်လဲခန်းမှာ ပြောဆိုတဲ့အရာတွေနဲ့ ပတ်သက်ပြီးတော့ တောင်းပန်တာတွေရှိတယ်လို့ ဗန်ဂေါက ပြောပါတယ်။