A d v e r t i s e m e n t With Us

ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်ကို ထိုး​စစ်ကြီး​ဆင်ရန်ပြင်

[caption id="attachment_11180" align="alignleft" width="300" caption="photo _ Francis Wade"][/caption] အစိုး​ရဘက်က ဌာ​နေပြည်သူ့​စစ်အသွင်​ပြောင်း​ဖို့​ ငြင်း​ဆန်ပြီး​ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​နဲ့​ ပူး​ပေါင်း​သွား​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်စခန်း​ကို အင်အား​အလုံး​အရင်း​နဲ့​ ဝိုင်း​ရံထား​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ မ​နေ့​တုန်း​က စစ်ကား​ အစီး​ (၅၀) ​ကျော်ဟာ ​တောင်ကြီး​က​နေ လဲချား​မြို့​ကို ထွက်ခွာလာတာ ဒီမနက် မိုင်း​ကိုင်မြို့​ဘက်ကို ​ရောက်ရှိလာပြီး​ ဌာနချုပ်ဝမ်ဟိုင်း​ရဲ့​ အ​နောက်ဘက် ​ကျေး​သီးမြို့​ဘက်ကို ဦး​တည်​နေတယ်လို့​ ​ဒေသခံ ​စောင့်​ကြည့်​သူ​တွေက ​ပြောပါတယ်။ မိုင်း​ရယ်မြို့​နယ်ထဲမှာလည်း​ မ​နေ့​က စစ်ကား​ (၁၀) စီး​ တိုး​လာတယ်လို့​ ဆိုပါတယ်။ မိုင်း​ရယ်မြို့​ဟာ ဝမ်ဟိုင်း​ဌာနချုပ်ရဲ့​ ​မြောက်ဘက်မှာ တည်ရှိ​နေပြီး​ အစိုး​ရတပ်​တွေရဲ့​ ​ရွေ့​လျား​မှုပုံစံဟာ ဝမ်ဟိုင်း​ ရှမ်း​တပ်မ​တော်ဌာနချုပ်ကို နံ​ဘေး​ပတ်လည်က​နေ ဝိုင်း​နေတဲ့​ ပုံစံဖြစ်​နေတယ်လို့​ ဆိုပါတယ်။ ဒါနဲ့​ပတ်သက်လို့​ ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်မှာ အ​ခြေပြုခဲ့​ပြီး​ အခုအခါ ရှမ်း​ပြည်တပ်မ​တော်​တောင်ပိုင်း​နဲ့​ ပူး​ပေါင်း​ရာမှာ ဦး​စီး​ခဲ့​သူ ဗိုလ်မှူး​ကြီး​ စိုင်း​ထူး​က ဒီအင်အား​ဖြည့်​တဲ့​သတင်း​ မကြား​သေး​ဘူး​လို့​ ​ဖြေကြား​ပါတယ်။ ဒါ​ပေမယ့်​ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေက​တော့​ ​နေ့​စဉ်ဆိုသလို ဆက်လက်ဖြစ်ပွား​နေပြီး​ အစိုး​ရတပ်ဘက်က လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေဟာ အရင်ကထက် ပိုဆိုး​လာ​နေတယ်လို့​ ​ပြောပါတယ်။ “တိုက်ပွဲအ​ခြေအ​နေက​တော့​ ​နေ့​တိုင်း​လိုလို ဆက်ပြီး​တော့​ အနည်း​နဲ့​အများ​ ​ပျောက်ကျား​စစ်နဲ့​ ခံပြီး​ ပစ်​နေတယ် အဲဒီ​လောက်ပဲ ခင်ဗျ။ သူတို့​ စစ်တိုက်​နေတာ လူထုအ​ပေါ်မှာ အကြမ်း​ပတမ်း​ပေါ့​လေ။ ​ပေါ်တာဆွဲတာတို့​၊​ ​တောင်ယာထဲဝင်ပြီး​တော့​ ​ပေါ်တာဖမ်း​တာတို့​၊​ လူထုရဲ့​ ကြက်၊​ ငှက်​တွေ၊​ ဝက်​တွေ အလကား​ယူတာတို့​ အများ​ကြီး​ ရှိတယ်ဗျ။ မ​လျှော့​ပါဘူး​ ပိုပြီး​တက်လာတယ်ခင်ဗျ။” အစိုး​ရတပ်​တွေက ရှမ်း​ပြည်နယ် သီ​ပေါ်မြို့​နယ်၊​ မိုင်း​ရှူး​မြို့​နယ်နဲ့​ မိုင်း​ရယ်မြို့​နယ်​တွေထဲက ​ကျေး​ရွာ​တွေထဲမှာ ရွာသား​ပိုင် အိမ်​မွေး​တိရစ္ဆာန်​တွေကို ရိက္ခာအဖြစ် အဓမ္မရယူတာ၊​ အခ​ကြေး​ငွေမ​ပေး​ဘဲ ရိက္ခာဆင့်​တာ၊​ ရှမ်း​တပ်မ​တော်သတင်း​မေး​မြန်း​ရာက ကိုယ်ထိလက်​ရောက် ရိုက်နှက်တာ၊​ မှား​ယွင်း​ပစ်ခတ်လို့​ ​သေဆုံး​ရမှု​တွေ ရှိ​နေပါတယ်။ မနှစ်နိုဝင်ဘာလဆန်း​ကစလို့​ ဒီ​ကေဘီ​အေနဲ့​ အစိုး​ရတပ်​တွေ စတင်တိုက်ပွဲဖြစ်ပွား​နေရာက​နေ အခုအခါ ကချင်လွတ်လပ်​ရေး​တပ်မ​တော်၊​ ရှမ်း​ပြည်တပ်မ​တော်တို့​နဲ့​ တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာလည်း​ တပ်မ (၁၁) နဲ့​ တပ်မ (၄၄) တို့​ တပ်ပြင်​နေပြီး​ ကရင်ဧရိယာကို ထိုး​စစ်ဆင်ဖို့​ ပြင်​နေတယ်လို့​ ဒီ​ကေဘီ​အေ တပ်မှူး​တဦး​ ​ပြောပါတယ်။ မ​နေ့​တုန်း​ကလည်း​ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် လက်​အောက်ခံ တပ်အင်အား​တွေဟာ မွန်ပြည်သစ်ပါတီဌာနချုပ်အ​ခြေစိုက်ရာဘက်ကို တပ်အင်အား​အလုံး​အရင်း​နဲ့​ ထွက်ခွာသွား​တဲ့​သတင်း​ကို လွတ်လပ်​သော မွန်သတင်း​ဌာနက ထုတ်​ဝေခဲ့​ပါ​သေး​တယ်။

A d v e r t i s e m e n t With Us

More News
Up