ဆော်ဒီ ၀န်ချီစက် မတော်တဆမှု ၈၇ ဦး သေဆုံး (ရုပ်သံ)

ဆော်ဒီအာရေဗျနိုင်ငံ မက်ကာမြို့က ဂရန်းဗလီမှာ စက်တင်ဘာ ၁၁ ရက်နေ့က ဝန်ချီစက် မတော်တဆမှုကြောင့် သေဆုံးသူ ဦးရေ ၈၇ ဦးနဲ့ ၁၈၃ ဦး ဒဏ်ရာရတယ်လို့ ဆော်ဒီ အရပ်ဘက် ကာကွယ်ရေး အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌက အယ်လ် အက်ခ်ဘာရီယာရုပ်သံကို ပြောပါတယ်။ နှစ်စဉ် ကျင်းပနေကျ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဟာ့ဂ်ျ ဘုရားဖူး ပွဲတော်မတိုင်ခင် သီတင်းပတ်တွေအလိုမှာ မတော်တဆ ဖြစ်ခဲ့တာပါ။ ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် ဝန်ချီစက် ပြုတ်ကျခဲ့တာလို့ အယ်လ်အာရေးဗီးယားရုပ်သံက အစောပိုင်းက ပြောပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်းမှာ ကျန်ခဲ့တဲ့ ရက်တွေက ပြင်းထန်တဲ့ သဲမုန်တိုင်း တွေ တိုက်ခတ်ခဲ့တာပါ။ ဆော်ဒီအာဏာပိုင်တွေဟာ မက္ကာမှာ ဘုရားဖူးပွဲတော် ကျင်းပဖို့ သန်းနဲ့ချီတဲ့ မွတ်စလင် တွေအတွက် ပြင်ဆင်နေခဲ့ကြပါတယ်။ မနှစ်ကတော့ ဘေးကင်းရေးအကြောင်းပြချက်နဲ့ ဟာ့ဂ်ျ ဘုရားဖူးပွဲတော် တက်နိုင်တဲ့ လူအရေအတွက်ကို ကန့်သတ်ခဲ့ပါတယ်။ ဂရန်းဗလီကိုလည်း ထပ်ချဲ့ဖို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘာသာရေး စုရုံးမှုတွေထဲက တခုဖြစ်တဲ့ ဟာ့ဂ်ျ ဘုရားဖူး အစီအစဉ်မှာ အတိတ်က ကပ်ဘေးတွေဖြစ်ဖူးပါတယ်။ ဘုရားဖူးတွေက ဝတ်ပြုဆုတောင်းပွဲအတွက်ရော အိမ်ပြန်ဖို့ပါ အလောသုံးဆယ် ဖြစ်နေ ခဲ့ကြလို့ ၂၀၀၆ ခုနှစ်က လူတွေအများကြီး တိုးဝှေ့လဲပြိုကျမှုအတွင်း ရာနဲ့ချီတဲ့ ဘုရားဖူးတွေ သေဆုံးခဲ့ပါတယ်။ ဆော်ဒီအာဏာပိုင်တွေက ဘုရားဖူးရာ နေရာတွေကို ချဲ့ခဲ့ပြီး နောက်ထပ် ကပ်ဘေးတွေကို တားဆီးဖို့ မက္ကာမြို့ရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ပိုကောင်းအောင် လုပ်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up