Home
မေးမြန်းခန်း
နယ်ခြားစောင့်တပ်လေးခုစလုံး ဒီကေဘီအေအဖြစ် ပြန်ပြောင်း
နော်နိုရင်း
·
June 21, 2011
နယ်ခြား​စောင့်​တပ်အသွင်ကို ကူး​ပြောင်း​ခဲ့​တဲ့​ မြိုင်ကြီး​ငူအ​ခြေစိုက် တပ်ရင်း​လေး​ရင်း​ဟာ အခုလ (၁၂) ရက်​နေ့​မှာ ဒီ​ကေဘီ​အေနဲ့​ ပြန်လည်ပူး​ပေါင်း​ခဲ့​တယ်လို့​ ဗိုလ်မှူး​ချုပ် နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ တိုး​တက်​သော ဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) တပ်မဟာ ၅ မှ ဗိုလ်မှူး​ကြီး​ ​ကျော်သက်က ​ပြောပါတယ်။ နယ်ခြား​စောင့်​တပ်​တွေမှာ တာဝန်ထမ်း​ဆောင်တဲ့​ မြန်မာ့​တပ်မ​တော်သား​တချို့​လည်း​ ဒီ​ကေဘီ​အေအဖွဲ့​ထဲ ဝင်ကြသလို တချို့​လည်း​ တပ်မ​တော်ဘက်ကို ပြန်ကြတယ်လို့​ သူက ​ပြောပါတယ်။ မြန်မာ့​တပ်မ​တော် တပ်မ (၁၁) နဲ့​ (၄၄) တို့​က နယ်ခြား​စောင့်​တပ်က​နေ အသွင်​ပြောင်း​လဲခဲ့​တဲ့​ ဒီ​ကေဘီ​အေတပ်​တွေကို ထိုး​စစ်ဆင်ဖို့​ ပြင်ဆင်​နေတယ်လို့​ သူက ​ပြောပါတယ်။ နယ်ခြား​စောင့်​တပ်​တွေ ဒီ​ကေဘီ​အေနဲ့​ ပြန်လည်ပူး​ပေါင်း​ခဲ့​တဲ့​ အ​ခြေအ​နေနဲ့​ပတ်သက်လို့​ ဗိုလ်မှူး​ကြီး​ ​ကျော်သက်ကို ​မေး​မြန်း​ထား​ပါတယ်။ မြိုင်ကြီး​ငူ ကိစ္စက အခုလက်ရှိအ​ခြေအ​နေ ဘယ်လို့​ ရှိပါသလဲ။ “လက်ရှိအ​ခြေအ​နေက ပိုပြီး​ဆိုး​လာတယ်။ တပ်မ ၁၁ နဲ့​ တပ်မ ၄၄ က ဟိုဘက်ကို ထိုး​စစ်ဆင်​နေပြီ​လေ။” မြိုင်ကြီး​ငူ​ဒေသတပ်​တွေက ဒီ​ကေဘီ​အေတံဆိပ်ကို ပြန်​ပြောင်း​လိုက်တယ်ဆိုတာ ဟုတ်ပါသလား။ “ဟုတ်ပါတယ်။” ဘယ်​နေ့​ကစပြီး​တော့​ ​ပြောင်း​လိုက်တာလဲ။ ဘယ်သူက ဦး​ဆောင်ပြီး​တော့​ ​ပြောင်း​တာပါလဲ။ “၁၄ ရက်​နေ့​က စတာ။ ဗိုလ်မှူး​ ဗိုလ်ဘိလို့​ ​ပြောတယ်။ သူက ဘာဖြစ်လို့​ ​ပြောင်း​လိုက်တာပါလဲ။ “နယ်ခြား​စောင့်​တပ် မလုပ်ချင်​တော့​ဘူး​ထင်တယ်။ နယ်ခြား​စောင့်​တပ်က အစိုး​ရ နအဖ လက်​အောက် ​နေရတာကိုး​။ ​နောက်က​နေပြီး​တော့​ သူများ​ခိုင်း​သလို လုပ်ရတယ်။” နယ်ခြား​စောင့်​တပ် တပ်ရင်း​တရင်း​မှာ အင်အား​ဘယ်​လောက်ရှိပါသလဲ၊​ ပြီး​တော့​ မြန်မာအစိုး​ရတပ်က​ကော အဲဒီအထဲမှာ လူ ဘယ်နှ​ယောက်​လောက် ပါသလဲ။ “၃၀ ပါတယ် သူတို့​။” တပ်ရင်း​ တရင်း​က​ကော လူဦး​ရေ ဘယ်​လောက်ရှိလဲ။ “တပ်ရင်း​တရင်း​က လူဦး​ရေ ၂၉၇ ​ယောက်ရှိတယ်။” ဗိုလ်ဘိတို့​က နယ်ခြား​စောင့်​တပ်က​နေ ဒီ​ကေဘီ​အေကို ​ပြောင်း​လိုက်တဲ့​ အခါကျ​တော့​ အစိုး​ရတပ်​တွေက​ကော ဘယ်လိုမျိုး​နေသလဲ။ “အချို့​က​တော့​ မ​ပြောင်း​တဲ့​လူက​တော့​ ​ပြေး​သွား​တာ​ပေါ့​။ အရင်တုန်း​က ဌာနကို ပြန်​ပြေး​သွား​တာ​ပေါ့​။” တချို့​လူ​တွေ​ပြောင်း​တယ်၊​ တချို့​လူ​တွေက မ​ပြောင်း​ဘူး​ အဲဒီလိုမျိုး​လား​။ “ဟုတ်တယ်။” သူတို့​ ဗိုလ်ဘိတို့​အဖွဲ့​ အကုန်လုံး​ အခုအဲဒီ မြိုင်ကြီး​ငူဘက်မှာ နယ်ခြား​စောင့်​တပ်က​နေ ဒီ​ကေဘီ​အေ တံဆိပ်ကို ပြန်တတ်လိုက်တာ တပ်ရင်း​ဘယ်နှခုလဲ။ “တပ်ရင်း​ ၄ ရင်း​။ သူ့​နံပါတ် ကျ​နော်မသိဘူး​။ ဘီဒီအက်ဖ် နံပါတ် ကျ​နော် စိတ်မဝင်စား​ဘူး​။” သူတို့​ ဒီ​ကေဘီ​အေတံဆိပ် ပြန်​ပြောင်း​လိုက်​တော့​ ဗိုလ်မှူး​ကျော်သက်တို့​ အဖွဲ့​နဲ့​ ပူး​ပေါင်း​တာမျိုး​တွေ ရှိပါသလား​။ “အင်း​ ရှိတယ်။ ကျ​နော်တို့​ အဖွဲ့​လည်း​ ဟိုမှာ တပ်ရင်း​ တရင်း​ဆင်း​သွား​တယ်။ ၉၀၅ တပ်ရင်း​က ဗိုလ်မှူး​ တာ​ကော် ပါတယ်။” အဲဒီလိုမျိုး​ ​ပေါင်း​လိုက်​တော့​ အစိုး​ရတပ်ဘက်က ဘယ်လိုတုံ့​ပြန်မှု​တွေ ရှိလဲ။ “​လော​လောဆယ်ဆယ်​တော့​ ပစ်ခတ်ကြတာမရှိဘူး​ပေါ့​။ ဒါ​ပေမယ့်​ ​ပြောလို့​မရဘူး​။ သူ​ပြောတာ​တော့​ ဒီ​နေ့​ မဖြစ်​တောင် မနက်ဖြန် ဖြစ်မယ်လို့​ ကျ​နော့်​ကို ​ပြောတာပဲ။” အခုအထဲမှာ အစိုး​ရ ဘယ်တပ်ရင်း​တွေက သွား​ပြီး​တော့​ ထိုး​စစ်ဆင်​နေလဲ။ “တပ် ၄၄ နဲ့​ တပ်မ ၁၁ ပဲ ရှိ​သေး​တယ် အခု ​လော​လောဆယ်က​လေ။ အခုက ၆၆ လည်း​ ကျ​နော် ကြား​တော့​ ကြား​တယ်။ ဒါ​ပေမယ့်​ ​ရောက်ပြီလား​ မ​ရောက်​သေး​ဘူး​လား​။ ၇၇ လည်း​ လာမယ်လို့​ ​ပြောတာပဲ။” ပြဿနာက ဘယ်လို ဖြစ်ပြီး​တော့​ နယ်ခြား​စောင့်​တပ်က​နေ ဒီ​ကေဘီ​အေကို ​ပြောင်း​လိုက်တာလဲ။ “​ပြောမယ်ဆိုရင် အစိုး​ရလက်​အောက် ဒီ နအဖကလည်း​ လုပ်တာလည်း​ ဟုတ်မှ မဟုတ်တာပဲ သူများ​ မ​နေ​တော့​ဘူး​လေ။ သူတို့​ပြောတာ နအဖ လိုမျိုး​ ဖြစ်သွား​မယ်​ပေါ့​။ မလုပ်နိုင်​တော့​ဘူး​ဆိုပြီး​ အဲဒီလိုမျိုး​ ဒီ​ကေဘီ​အေ ဘက်ကို ပြန်လှည့်​တာ​ပေါ့​။” အဲဒီ​တော့​ ဒီကိစ္စက ပုန်ကန်မှု တမျိုး​ ဖြစ်​နေ​တော့​ အစိုး​ရတပ်ဘက်က ဘယ်လိုပဲ ဖြစ်ဖြစ် ငြိမ်​နေမှာ မဟုတ်ဘူး​ဆို​တော့​ ထိုး​စစ်ဆင်လာရင် တုံ့​ပြန်ဖို့​ ဘယ်လိုများ​ ပြင်ဆင်ထား​ပါသလဲ။ “ဒါက အဆင်သင့်​ ပြင်ဆင်ထား​ပြီး​သား​။ ပြန်ပစ်ဖို့​တော့​ စပါယ်ရှယ်ပဲ။ တက်လာရင် ​ရောက်လည်း​ရောက် ပစ်လည်း​ပစ်မှာပဲ။” ဗိုလ်ချုပ်​ကျော်သန်း​တို့​၊​ ဗိုလ်မှူး​ချစ်သူတို့​က​ကော ဒီ​ကေဘီ​အေ တံဆိပ် ပြန်​ပြောင်း​တာမျိုး​တွေ ရှိလား​။ “ဗိုလ်ချုပ်​ကျော်သန်း​က​တော့​ ဘား​အံဘက်ကို ပြန်​ပြေး​သွား​တယ်။” အခုလက်ရှိက မြိုင်ကြီး​ငူမှာရှိတဲ့​ နယ်ခြား​စောင့်​တပ်အဖွဲ့​တွေနဲ့​ ဗိုလ်မှူး​ကျော်သက်တို့​ အဖွဲ့​က ဒီလိုမျိုး​ ​ပေါင်း​ရတဲ့​ ရည်ရွယ်ချက်ကို ​ပြောပြ​ပေး​ပါလား။ “သူတို့​က တိုက်လာရင်​တော့​ ကျ​နော်တို့​လည်း​ ပြန်တိုက်မှာ​ပေါ့​။ သူတို့​တိုက်ရင် ကျ​နော်တို့​လည်း​ တိုက်ဖို့​ အဆင့်​သင့်​ပဲ​ပေါ့​။ ကျ​နော်တို့​ ​ပေါင်း​ရတာ ကျ​နော်တို့​ ဒီ​ကေဘီ​အေတင် မကပါဘူး​။ ကချင်၊​ ​ကေအန်အယ်လ်​အေ တပ်မဟာ ၇ တို့​၊​ တပ်မဟာ ၁ တို့​ သူတို့​လည်း​ ပါလာတယ် အများ​ကြီး​ပဲ။ ဒီတ​ခေါက်​တော့​ ကြီး​ကြီး​ကျယ်ကျယ် ဖြစ်ဖို့​ ​တော်​တော်များ​မယ်။” ဗိုလ်မှူး​ကြီး​ ​ကျော်သက်တို့​က အစိုး​ရတပ်ကို ပြန်ပြီး​တော့​ တိုက်ခိုက်​နေတယ်ဆို​တော့​ အဓိက ဘာ​တွေ လိုချင်တာလဲ။ “လိုချင်တာ ဘာလဲဆိုရင် ကျ​နော်တို့​ တိုင်း​ရင်း​သား​အား​လုံး​ ငြိမ်း​ချမ်း​ရေး​ ရဖို့​ပေါ့​။ ​နောက်ပြီး​တော့​ အခု အစိုး​ရအသစ်လို့​ ​ပြောတာပဲ​လေ။ သမ္မတတို့​ ဘာတို့​ ဖွဲ့​လိုက်ပြီး​တော့​ တရား​မှ မတရား​တာ။ အခုက တိုင်း​ရင်း​သား​အား​လုံး​ ဘာတခုမှ အခွင့်​အ​ရေး​ မရှိဘူး​။ သူ့​ဟာသူလုပ်ပြီး​တော့​ သူဟာသူ လုပ်တာပဲမဟုတ်လား​။ ဒီအတိုင်း​ပဲ နအဖက နအဖပဲ ဘာမှ မ​ပြောင်း​လဲဘူး​။” မ​ပြောင်း​လဲတဲ့​အတွက် ဗိုလ်မှူး​ကျော်သက်တို့​က ဘာလိုချင်လို့​ တိုက်တာလဲ။ “အကုန်လုံး​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပေါ့​၊​ တိုင်း​ရင်း​သား​အား​လုံး​ တန်း​တူအခွင့်​အ​ရေး​ ​ပေး​ပေါ့​ မဟုတ်ဘူး​လား​။ ဒီလိုမျိုး​ ​ပေး​လို့​ရှိရင် ဘယ်သူမှ မတိုက်ပါဘူး​။ ကျ​နော်တို့​က ​ပြောချင်တာ နအဖ လုပ်တာ သူက စား​ပွဲ​ပေါ်မှာ မ​ဖြေရှင်း​ချင်ဘူး​။ သူ့​ရဲ့​အာဏာကို မလွှဲအပ်ချင်ဘူး​။ လွှဲအပ်မယ်ဆိုရင် ဒီလို မဖြစ်လာဘူး​။ အခုက တိုင်း​ရင်း​သား​အား​လုံး​ပဲ လက်နက်ကိုင် အဖွဲ့​အစည်း​ သူ့​အလိုလို အကုန်လုံး​ ပြန်ပုန်ကန်ပြီး​သား​ပဲ။ သူတို့​လည်း​ အရင်အတိုင်း​ပဲ။ ထင်တာက ​အောင်မြင်မယ်လို့​ သူထင်တယ်။ ​အောင်မြင်ဖို့​တော့​ နည်း​ပြီး​ အခု။ သူ ဘယ်​လောက်ပဲ တက်တက် သူတို့​ ရှုံး​မှာပဲ။ ။” အခု အစိုး​ရကို ကချင်​တွေ​ကော၊​ ရှမ်း​တွေ​ကော ပြန်တိုက်​နေပြီဆို​တော့​လေ ဒီ ကရင်​တွေဘက်က​ကော ဘယ်လိုမျိုး​ ဝိုင်း​ပြီး​တော့​ တိုင်း​ရင်း​သား​အဖွဲ့​တွေနဲ့​ ပူး​ပေါင်း​ဖို့​ အစီအစဉ်ရှိလား​ ဘယ်လိုမျိုး​လုပ်ထား​လဲ။ “ပူး​ပေါင်း​ပြီး​သား​လေ။ ဒါ မဒတ မဟာမိတ်တပ်​ပေါင်း​စု​တွေ ကျ​နော်တို့​ အစည်း​အ​ဝေး​ လုပ်ထား​ပြီး​သား​ပဲ။” ဘယ်လိုမျိုး​ ကူညီဖို့​ သ​ဘောတူညီချက် ရရှိကြလဲ။ “အခုက စိတ်ညီလက်ညီ​ပေါ့​နော်။ ဒီ တိုက်ပွဲ ဟိုဖြစ် ဒီဖြစ်​ပေါ့​။ ရှမ်း​မှာ ဖြစ်မယ်၊​ ဒီမှာလည်း​ ဖြစ်မယ်၊​ ဝလည်း​ ဖြစ်မယ်၊​ ဘယ်​နေရာမှာ မထား​ခဲ့​ဘူး​ပေါ့​။ စစ်မျက်နှာ တူတူဖွင့်​မယ်။” တပြည်လုံး​အတိုင်း​အတာနဲ့​ တိုက်ပွဲဖြစ်လာ​တော့​မှာ​ပေါ့​ အဲဒီလိုမျိုး​ဆိုရင်။ “အင်း​ တပြည်လုံး​ပဲ ဒီတ​ခေါက်​တော့​ တပြည်လုံး​ ​သေချာ​ပေါက်ပဲ။ တပြည်လုံး​တောင်မကဘူး​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024