A d v e r t i s e m e n t With Us

ဂြိုဟ်သိမ် စေရဲ့စ်ပေါ်မှ ဒဏ္ဍာရီဆန်သည့် အလင်းပြောက် ဓာတ်ပုံအသစ် နာဆာဖြန့်ချိ (ရုပ်သံ

အမေရိကန် အမျိုးသားအာကာသသိပ္ပံ (နာဆာ) က ဂြိုဟ်သိမ်လေး စေရဲ့စ်ပေါ်က ဒဏ္ဍာရီဆန်တဲ့ အလင်းပြောက်တွေရဲ့ ဓာတ်ပုံအသစ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။ နာဆာရဲ့ လူမှုကွန်ရက် မီဒီယာပေါ်မှာ ပြထားတဲ့ ရုပ်ပုံတွေကို ဒွန်းအာကာသ လွန်းပျံယာဉ်ပေါ်ကနေ ရိုက်ကူးထားတာဖြစ်ပြီး အော့ကာတာ မီးတောင်အူကြောင်းရဲ့ လက်ရှိအချိန်ထိ အနီးဆုံး မြင်ကွင်းလည်း ဖြစ်ပါတယ်။ ဒီပုံအသစ်တွေဟာ အလွန်လူကြိုက်များနေတာပါ။ နာဆာကတော့ သာမန်ပြည်သူတွေကို ထင်မြင်ချက် စစ်တမ်းအဖြစ် ဒီအလင်းဖြူတွေက ဘာတွေလဲဆိုတာ သူ့အင်တာနက် စာမျက်နှာပေါ်မှာ မေးခွန်းထုတ်ထားပါတယ်။ ဂြိုဟ်သိမ်လေးပေါ်မှာ ရေခဲ၊ ကျောက်တုံးနဲ့ မီးတောင်တွေရှိတာကို အများပြည်သူက ထင်မြင်ချက် စစ်တမ်းအတွင်း ရွေးချယ်နိုင်ပေမယ့် ဂြိုဟ်သားတွေနဲ့ ရှေးဟောင်းနေထိုင်မှုတွေအတွက် ရွေးချယ်စရာ အခွင့်အရေးတော့ မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up