ပါလက်စတိုင်း အလံ ကုလသမဂ္ဂတွင် လွှင့်ခွင့်ရ
ကုလသမဂ္ဂ အထွေထွေညီလာခံက ပါလက်စတိုင်းလူမျိုးတွေရဲ့ အလံကို ကုလသမဂ္ဂ ဌာနချုပ်မှာ ပထမဆုံး အကြိမ်အဖြစ် လွှင့်ထူခွင့်ပေးလိုက်ပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံက မဲပေးကြရာမှာ ၁၁၉ နိုင်ငံက လွှင့်ထူးဖို့ မဲပေးခဲ့တာ ဖြစ်ပြီး အစ္စရေးနဲ့ အမေရိကန် ပြည်ထောင်စုတို့က ကန့်ကွက်ခဲ့သလို ၄၅ နိုင်ငံကတော့ မဲမပေးခဲ့ပါဘူး။
၄၅ နိုင်ငံထဲမှာ ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံက မဲမပေးခဲ့ပါဘူး။ ပြင်သစ်နဲ့ တခြား ၆ နိုင်ငံကတော့ ပါလက်စတိုင်းအလံထောင်ဖို့ မဲပေးခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုအပေါ် အစ္စရေးက ဒေါသထွက်စေပေမယ့် ပါလက်စတိုင်းအတွက်တော့ ကုလသမဂ္ဂ အဖွဲ့ဝင် ဖြစ်ဖို့ အတွက် ခြေတလှမ်းလည်း ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်အရ အလံကို ရက် ၂၀ အတွင်း လွှင့်သွားမှာ ဖြစ်သလို ပါလက်စတိုင်း သံတမန်ကတော့ စက်တင်ဘာ ၃၀ ရက်မှာ လွှင့်ထူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။