A d v e r t i s e m e n t With Us

ဆယ်ကျော်သက် မြန်မာအမျိုးသမီး ချင်းမိုင်တွင် လုယက်ခံရ

ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနေစဉ်
ထိုင်းနိုင်ငံ ချင်းမိုင်မှာ အသက် ၁၆ နှစ်အရွယ် မြန်မာ ဆယ်ကျော်သက်အမျိုးသမီးတဦးဟာ တိုက်ခန်းမှာ လုယက်ခံရတဲ့အတွက် ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ ပါဒက်ခရိုင် နောင်ဘိုး တိုက်ခန်း အခန်းတံခါးကို ဖွင့်ပြီး ထိုင်နေစဉ်မှာ အသက် ၃၀-၄၀ နှစ်ကြား ထိုင်းအမျိုးသားတဦးက ဓားနဲ့ ခြိမ်းခြောက်ပြီး လုယက်ခဲ့တာလို့ ရဲစခန်းကို ပြောတဲ့ အကြောင်း ချင်းမိုင်သတင်းမှာ ရေးပါတယ်။ အမျိုးသမီးဆီက ဘတ် ၂၀၀၀ ယူသွားပြီးတဲ့နောက် ဒီလူက လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ ဒီနောက် ခင်ပွန်းနဲ့ ရဲကို ဖုန်းဆက်ခေါ်ယူခဲ့ပါတယ်။ လုံခြုံရေး ကင်မရာမှာ ပေါ်လာတဲ့ ပုံရိပ်ကတော့ မရှင်းလင်းသေးသလို လက်သည်ကို ရှာဖွေသွားမယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up