ဘန်ကောက်တွင် အနိုင်ကျင့်သဖြင့် ဖမ်းဆီးခံထားရသူ လာအို ထောင် ၁၅ လကျ

1.4K
ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆယ်ကျေ်သက်နဲ့ အမျိုးသမီးတွေကို အနိုင်ကျင့်ခဲ့တဲ့ တရားမ၀င် နေထိုင်တဲ့ လာအိုနိုင်ငံသားကို ထောင် ၁၅ လချမှတ်လိုက်ပါတယ်။
စက်တင်ဘာ ၁၀ ရက် ထိုင်း ရာဇ၀တ်မှု ခုံရုံးက အသက် ၃၈ နှစ်အရွယ် တရားမ၀င် လာအိုနိုင်ငံသားကို အခုလို ချမှတ်လိုက်တာ ဖြစ်ပါတယ်။
တရားမ၀င် ၀င်ရောက်မှု၊ အနိုင်ကျင့်တိုက်ခိုက်မှု၊ စော်ကားမှုနဲ့ ၀ီရာဖန် အင်သာဝေါင်ကို စီရင်ချက်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အနိုင်ကျင့်ခဲ့တဲ့ လုပ်ရပ်တွေကို အနိုင်ကျင့်ခံရတဲ့သူတွေနဲ့ ပတ်သက်တဲ့သူတွေက လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၈ ရက်က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။