အမှိုက်စွန့်ပစ်ရေး အကျပ်အတည်း ဖြေရှင်းရန် လက်ဘနွန်အစိုးရ သဘောတူ

ဘေရွတ်မြို့ရှိ အမှိုက်ပုံတပုံ။ (ဓာတ်ပုံ - ရိုက်တာ)
လက်ဘနွန်အစိုးရက နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးအပြီး အရေးပေါ် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း အမှိုက်စွန့်ပစ်ရေး အကျပ်အတည်းကို ဖြေရှင်းဖို့ စီမံကိန်းကို သဘောတူလိုက်ပါတယ်။ ဒါကြောင့် လူကြိုက်များနေတဲ့ ဆန္ဒပြပွဲတွေနဲ့ မြို့တော် ဘေရွတ်ရဲ့ လမ်းတွေပေါ်က အမှိုက်ပုံတွေကို ဖြစ်စေတဲ့ အငြင်းပွားမှု အဆုံးသတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးအတွင်း သဘောတူခဲ့တဲ့ ရေရှည်စီမံကိန်းဟာ ပညာရှင်တွေရဲ့ အကူအညီနဲ့ စီစဉ်ကြီးကြပ်မှုနဲ့အတူ ဒေသထွက် စွန့်ပစ်ပစ္စည်းတွေကို  ပြုပြင်စီရင်ရာမှာ စည်ပင်သာယာအဖွဲ့တွေကို အဓိက အခန်းကဏ္ဍမှာ နေရာပေးထားပါတယ်။ ဒါ့အပြင် ဆီးရီးယားနယ်စပ်နားက အက်ခါနဲ့ မက်စ်နားဒေသတွေမှာ အမှိုက်ပစ်ဖို့ ဖို့မြေ ၂ ကွက်အဖြစ် နေရာ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီစီမံကိန်းတွေဟာ လွှတ်တော်အတည်ပြုချက် လို၊ မလိုနဲ့ လမ်းပေါ်ထွက် ဆန္ဒပြသူ ပြည်သူတွေက လက်ခံမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ဘနွန် အမှိုက်အကျပ်အတည်းဟာ ကျယ်ပြန့်တဲ့ ပြည်သူ့ဆန္ဒပြပွဲတွေ ဖြစ်လာစေခဲ့လို့ တချို့ ဒေါသထွက်နေတဲ့ ပြည်သူတွေက အစိုးရ နုတ်ထွက်ဖို့ပါ တောင်းဆိုခဲ့ပါတယ်။ နာရီနဲ့ချီ ကြာခဲ့တဲ့ အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးအတွင်း ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေကနေ ထွက်ပေါက်ရဖို့ ဆုံးဖြတ်ချက်တော့ မကျခဲ့ပါဘူး။ အစိုးရရဲ့ ပြောခွင့်ရက ၁ ပတ်အတွင်း နောက်ထပ် အစည်းအဝေး လုပ်ဦးမယ်လို့ ပြောပါတယ်။ ဘေရွတ်မြို့လယ်ကို လက်ဘနွန်လုံခြုံရေးဝန်ဆောင်မှုအဖွဲ့က စက်တင်ဘာ ၉ ရက်နေ့က ပိတ်ချထားပြီး အစိုးရ အဆောက်အဦတွေကို စစ်သားတွေနဲ့ သံဆူးကြိုး အရံအတားတွေက ဆန္ဒပြသူတွေ ချဉ်းကပ်လို့ မရအောင် တားမြစ်ထားပါတယ်။ လတ်တလော သီတင်းပတ်အတွင်း ထောင်နဲ့ချီတဲ့ လက်ဘနွန် ဆန္ဒပြသူတွေက နိုင်ငံရေးစနစ် အကျင့်ပျက် ခြစားနေတယ်လို့ ရှုမြင်ပြီး ပြောင်းလဲဖို့ ဆော်သြခဲ့ပါတယ်။

More News
Up