A d v e r t i s e m e n t With Us

ဂျပန် ရေကြီး အိမ်များမျောပါ၊ ခေါ်မိုးပေါ်ရောက်သူများကို ရဟတ်ယာဉ်ဖြင့်ကယ် (ရုပ်သံ)

ဂျပန် အစိုးရ ထိပ်တန်းပြောခွင့်ရက မြို့တော်တိုကျိုရဲ့ မြောက်ပိုင်း ရေဘေးသင့် ဒေသတွေမှာ နောက်ဆုံး သတင်းအချက်အလက်တွေနဲ့ အပျက်အစီးစာရင်းကို အပြည့်အဝ မရသေးဘူးလို့ စက်တင်ဘာ ၁၀ ရက်နေ့က ပြောပါတယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မကျော် ရွာခဲ့လို့ တောင်ပြို မြေပြိုတာတွေ ဖြစ်ခဲ့သလို မြစ်ကမ်းပါးတွေ ကျိုးပျက်ပြီး အိမ်တွေ ရေထဲ မျောခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့အထိ လူ ၂ ဦး ပျောက်ဆုံးနေပြီး လူအယောက် ၁ သိန်းလောက်ကို ဘေးကင်းရာ ပြောင်းရွှေ့ပေးထားရပါတယ်။ လူတချို့ကတော့ ရေလွှမ်းနေတဲ့ အိမ်တွေထဲမှာ သောင်တင်နေတာပါ။ အစိုးရအဖွဲ့က လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အစွမ်းကုန် လုပ်နေတယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲ စုငက သတင်းထောက်တွေကို ပြောပါတယ်။ "အိမ်တွေ အလုံးလိုက် ရေထဲ မျောပါကုန်လို့ အရေအတွက်ကို သေချာ မပြောနိုင်သေးပါဘူး၊ လူ ၁ ဦး ပျောက်နေပြီး ၃ ဦး ဒဏ်ရာ ပြင်းထန်တယ်၊ ၁၄ ဦးက ဒဏ်ရာနည်းနည်း ရထားတယ်" လို့ သူက ဆက်ပြောပါတယ်။ ဂျပန်အရှေ့ပိုင်းက လူ ၅ သန်း နေထိုင်ရာ ဒေသအတွင်း မိုးရေချိန်က ခါတိုင်း စက်တင်ဘာ တလလုံး ပျမ်းမျှရွာတဲ့ မိုးရေချိန်ထက် စက်တင်ဘာ ၁၀ ရက်နေ့အထိ ၄၈ နာရီအတွင်း ရွာတဲ့ မိုးရေချိန်က ၂ ဆ ကျော်ခဲ့တာပါ။ စံချိန်ကျိုးအောင် ရွာတဲ့မိုးကြောင့် အာဏာပိုင်တွေက ရှားပါးမိုးလေဝသ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ အဲတအုမုန်တိုင်းက ဂျပန်ကျွန်းစုရဲ့ အဓိက ဟွန်ရှူးကျွန်းကို စက်တင်ဘာ ၉ ရက်နေ့က ဖြတ်သန်း တိုက်ခတ်ခဲ့တာပါ။ စစ်တပ်ကပါ ရှာဖွေရေး မီးတွေကို သုံးပြီး ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ အန်အိတ်ခ်ျကေ ရုပ်သံက အစီရင်ခံပါတယ်။ အိဘရခိခရိုင်ရဲ့ ဂျိုစိုမြို့မှာတော့ ၂၄ နာရီအတွင်း မိုးရေချိန် ၂၄ လက်မထိ ရောက်ခဲ့တာပါ။ ဖူကူရှီးမားမြို့ အပါအဝင် ဂျပန်အရှေ့ပိုင်း ဒေသတွေမှာ အနည်းဆုံး မိုးရေချိန် ၈ လက်မ ကျော်မယ်လို့ ဂျပန်မိုးလေဝသဌာနက သတိပေးထားပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ မိုးရွာသွန်းမှု ရပ်မယ်လို့ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up