ဒီဂီယာ နှင့် မန်ယူ စာချုပ်ကိစ္စ ဆွေးနွေး

ဓာတ်ပုံ - PA Wire
2.7K
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းက ဂိုးသမား ဒေးဗစ် ဒီဂီယာ နဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးနေပါတယ်။
လက်ရှိ စာချုပ်ကတော့ ၂၀၁၆ ခုနှစ်မှာ သက်တမ်းကုန်တော့မှာ ဖြစ်သလို အစောပိုင်းက မန်ယူက အသက် ၂၄ နှစ်အရွယ် ဂိုးသမား ဒီဂီယာကို သက်တမ်းတိုးဖို့ စွန့်လွှတ်ခဲ့ပါတယ်။
ဒါပေမယ့် စပိန် ရီးရဲလ်မက်ဒရစ်အသင်းကို အပြောင်းအရွှေ့ ပိတ်သိမ်းတဲ့ သတ်မှတ်ကာလ နောက်ဆုံးနေ့အထိ ဒီဂီယာ မပြောင်းရွှေ့ဖြစ်တဲ့ နောက်ပိုင်း ဒီဂီယာ ကိုယ်စားလှယ်နဲ့ ကလပ်အသင်း ဆွေးနွေးမှုတွေ စက်တင်ဘာ ၁၀ ရက်က စတင်ခဲ့ပါတယ်။
ဒီဂီယာရဲ့ အနာဂတ်က တည်ငြိမ်မှု မရှိသေးတဲ့အတွက် နည်းပြဗန်ဂါးလ်က ဒီနှစ်ဘောလုံး ရာသီအတွက် မန်ယူအသင်းမှာ တပွဲမှ အသုံးပြုခြင်း မရှိပါဘူး။
စက်တင်ဘာ ၁၂ ရက်နေ့ လီဗာပူးနဲ့ပွဲမှာတော့ ပြန်လည် ပါဝင်ကစား မကစားကလည်း မသိရသေးပါဘူး။