ရှားပါးမျိုးရင်း ယန်စီမိချောင်းလေးများကို သိပ္ပံနည်းကျ သားဖောက် (ရုပ်သံ)

တရုတ်နိုင်ငံက ကာကွယ်ထိန်းသိမ်းထားတဲ့ ရှားပါးမျိုးရင်းဝင် ယန်စီမိချောင်းခေါင်းတို သားပေါက်လေးတွေကို နိုင်ငံအရှေ့ပိုင်းက အန်ဟွေးပြည်နယ်မှာ အခုလထဲ သိပ္ပံနည်းကျ သားဖောက်ခဲ့ပါတယ်။ ဒီမိချောင်းခေါင်းတွေ ဥတဲ့ ရာသီဖြစ်တဲ့ ဇူလိုင်လက မိချောင်းခေါင်းတို ကာကွယ်ဧရိယာထဲက ဥ ၂၈၀၀ ကျော်ကို ယန်စီမိချောင်းခေါင်းတို သားဖောက်ရေးစခန်းမှာ ယူဆောင်လာပြီး သားဖောက်ယူခဲ့တာပါ။ ရက်ပေါင်း ၄၀ အကြာ အခုလထဲမှာ အကောင်ငယ် ၁၆၀၀ ကျော် သားပေါက်ခဲ့တယ်လို့ မိချောင်းခေါင်းတိုမွေးမြူရေးစခန်း ဒုတိယအုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ ဥအလုံးရေ ၂၈၀၀ ကျော်မှာ အကောင်ရေ ၁၆၀၀ ပဲ သားပေါက်ခဲ့လို့ မျှော်လင့်တဲ့အရေအတွက် မဟုတ်ခဲ့ဘူးလို့လည်း စခန်းဒုအုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က အကောင်ရေ ၃၇၀၀ ကျော် သားပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ယန်စီမိချောင်းခေါင်းတိုတွေရဲ့ သားပေါက်နှုန်းဟာ တနှစ်နဲ့တနှစ်မတူပဲ အခုနှစ်မတ်လနဲ့ ဇွန်လကြားမှာ ပုံမှန်ရှိရမယ့် အပူချိန်မရှိခဲ့လို့ ဥအရေအတွက်လည်း နည်းခဲ့တယ်လို့ ပြောဆိုပါတယ်။ ယန်စီမိချောင်းခေါင်းတိုလေးတွေဟာ ဥကနေ ၂၂ ရက်အတွင်း အကောင်ပေါက်လာပြီး သူတို့ခန္ဓာကိုယ်ထဲမှာ ကျန်နေသေးတဲ့ ဥအနှစ်ကိုပဲ အာဟာရအတွက် မီခိုရတာပါ။ ဒီသားပေါက်လေးတွေကို ယန်စီမိချောင်းခေါင်းတို မွေးမြူရေးစခန်းမှာပဲ ဆက်လက်မွေးမြူထားပြီးမှ လာမယ့်နှစ် မေလမှာ သဘာဝအတိုင်း လွှတ်ပေးမယ်လို့ မိချောင်းခေါင်းတို မွေးမြူရေးစခန်း ဒုအုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up